ရန်ကုန်-မန္တလေးအမြန်လမ်းတွင် EVယာဥ်မှ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်

(မှုခင်း) သြဂုတ် ၂

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၂/၇- ၂၃/၀ကြား (ရန်ကုန် မှ နေပြည်တော်သို့)(အသွားလမ်း) တွင် EVယာဥ်မှ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂ရက်နေ့ ညနေ၆နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်းပါ ကျား(၂)ဦး၊မ(၂)ဦး စုစုပေါင်း (၄)ဦး စီးနင်းလာသည့် ZEEKR EV အမျိုးအစား ခဲစိမ်းရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ပါသွားခဲ့ပြီး သစ်ပင်နှင့်တိုက်မိပြီး‌နောက် ယာဉ်မှာ လမ်းယာဘက်ခြမ်းတွင်ရောက်ရှိရပ်တန့်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ(၄)ဦးအနက် မ(၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၌ ဘရိတ်မိ/မမိ, တာယာများပန်းရှိ/မရှိ, တာယာထုတ်လုပ်မှုသက်တမ်း၃နှစ်​ကျော်/မ​ကျော်, ရှေ့မီးကြီး/ နောက်ဘရိတ်မီး/ အချက်ပြ မီးများ ကောင်း/မကောင်းစစ်ဆေးပြုပြင်ပြီးမှ သာမောင်းနှင်ကြပါ ရန်နှင့် ယာဉ် အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်၊ မိုးရွာ​နေပါက သတ်မှတ်နှုန်း​အောက်​လျှော့ချ၍​​ဂရုစိုက်မောင်းကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိ​ပေးထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews

#PAN