
(နိုင်ငံတကာ) ဇူလိုင် ၂၃
အမေရိကန်-အစ္စရေးတို့၏ အီရန်စစ်ပွဲ ငါးလအကြာသို့ ရောက်ရှိလာချိန်တွင် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်စခန်းတစ်ခုအပေါ် အီရန်၏ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ် သား သုံးဦး သေဆုံးခဲ့ရပြီး၊ ယင်းဖြစ်ရပ်က အစ္စလာမ်မစ် တော် လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ အသက်သေဆုံးစေနိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို ထင်ရှားစွာ ပြသလိုက်ကြောင်း လေ့ လာသူများက သုံးသပ်ကြသည်။
မတ်လ ၁ ရက်နေ့က စစ်ပွဲစတင်ချိန် နာရီပိုင်းအအတွင်း ဖြစ် ပွားခဲ့သော တိုက်ခိုက်မှုများနောက်ပိုင်း ယခုကဲ့သို့ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်စခန်းများအပေါ် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားများ သေဆုံးခဲ့ရခြင်းမှာ သောကြာနေ့က ပထမဆုံးအကြိမ် ဖြစ်သည်။
ပင်တဂွန်စစ်ဌာနချုပ်က အသေးစိတ် အချက်အလက်များကို အပြည့်အစုံ မထုတ်ပြန်သေးသော်လည်း၊ အမေရိကန် ၏ ပြင်း ထန်သော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသော် လည်း အီရန်သည် ရှည်လျားသော မတူညီသောစွမ်းအားများဖြင့် တိုက်ခိုက်သည့် စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် လိုအပ်သည့် စစ်ရေးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဤဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။
“အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေက အခုထက်ထိ အင်အားကောင်းနေဆဲပါပဲ။ ရုရှားနဲ့ တရုတ်တို့ရဲ့ ထောက်လှမ်းရေး အကူ အညီတွေကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုတွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတိကျလာပါတယ်” ဟု Defense Priorities သုတေ သနအဖွဲ့မှ ညွှန်ကြားရေးမှူး Jennifer Kavanagh က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့တစ်ဝန်းတွင် ပြန့်ကျဲနေသော အမေရိကန် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်မှာ အကာ အကွယ်မဲ့ပြီး ပုံသေတည်ရှိနေသော စခန်းများတွင် တာဝန်ထမ်းဆောင်နေကြရခြင်းက အီရန်၏ တိုက်ခိုက်မှုများကို ပိုမိုထိရောက်စေကြောင်း ကင်းဗီးလ်ကောလိပ် လန်ဒန်မှ ကျွမ်းကျင်သူ Andreas Krieg က ရှင်းပြသည်။
စစ်သည်အများစုကို ဒုံးကျည်ငယ်များနှင့် မော်တာများကို ကာကွယ်ရန်သာ ဒီဇိုင်းထုတ်ထားသည့် ယာယီအဆောက်အအုံများတွင် ထားရှိခြင်းကြောင့် ကြီးမားသော ပဲ့ထိန်းဒုံးကျည်များ ကျရောက်ပေါက်ကွဲသည့်အခါ သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်စေသည်။
လက်ရှိစစ်ပွဲအတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာ တရားဝင် သေဆုံးသူ အရေအတွက် ၁၈ ဦးအထိ ရှိလာပြီဖြစ်ပြီး စစ်သား ၅၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အီရန်သည် Patriot နှင့် THAAD ကဲ့သို့သော အမေရိကန်၏ အဆင့်မြင့် လေကြောင်းရန် ကာကွယ် ရေးစနစ်များကို ကျော်လွန်တိုက် ခိုက်နိုင်ရန်အတွက် မတူညီသော အမြန်နှုန်းနှင့် လမ်း ကြောင်းများဖြင့် ချဉ်းကပ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြုလျက်ရှိသည်။
အီရန်စစ်တပ်မှာ “လုပ်ငန်းဆောင်တာအရ ဖျက်ဆီးခံလိုက်ရပြီ” ဟု ယခင်က ပြောဆိုခဲ့သည့် ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ ပြောဆိုချက်အပေါ် ဆီးနိတ်အမတ်များက ဗုဒ္ဓဟူး နေ့တွင် အပြင်းအထန် မေးခွန်းထုတ်ခဲ့ကြသည်။ Hegseth က အီရန်၏ ရေတပ်နှင့် လေတပ်ကို ထိရောက်မှုမရှိအောင် လုပ် ဆောင်နိုင်ခဲ့ခြင်းမှာ “သမိုင်းဝင် စစ်ရေးအောင်ပွဲ” ဖြစ်ကြောင်း ခုခံပြောဆိုခဲ့သော်လည်း၊ အီရန်ဘက်တွင် ပစ်ခတ်နိုင်စွမ်း လုံးဝရပ်တန့်သွားမည်ဟု မမျှော်လင့်ထားကြောင်း ဝန်ခံခဲ့သည်။
အရှေ့အလယ်ပိုင်း အင်စတီကျုမှ ကျွမ်းကျင်သူ Jason Campbell နှင့် နေတိုး သုတေသနဆန်းစစ်သူဟောင်း Patrick Bury တို့ကလည်း အီရန်အနေဖြင့် ထုတ်လုပ်ရန် သက်သာပြီး ကုန်ကျစရိတ် ချိုသာသည့် ဒုံးကျည်များနှင့် ဒရုန်းများကို အသုံး ပြုကာ အမေရိကန်ဘက်သို့ လူ့အသက်၊ စစ်ဆင်ရေးနှင့် နိုင်ငံရေးဆိုင်ရာ စရိတ်စကများကို ဆက် လက်ကျခံစေနိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း ထောက်ပြပြော ဆိုကြသည်။
Telegram»… https://t.me/positiveanglenews
#PAN