ဒလတွင် ရေကန်သန့်ရှင်းရေးဆင်းသူ နှစ်ဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးအသက်ရှင်ကယ်ဆယ်နိုင်

(မှုခင်း) ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် နေအိမ်အောက်ရှိ ရေကန်အား သန့်ရှင်းရေးလုပ်ကိုင်နေစဉ် အမျိုးသား(၂)ဦး သတိလစ်မေ့မြောသွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက် နေ့လယ် ၁ နာရီ ၈ မိနစ်ခန့်တွင် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ နေအိမ်တစ်အိမ်၏ အောက်ဘက်ရေကန်အတွင်း သန့်ရှင်းရေးလုပ်ဆောင်နေသူ အမျိုးသား(၂)ဦး သတိလစ်နေကြောင်း သတင်းရရှိခဲ့ပြီးနောက် ဒလမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကာ ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးကိုမူ နေ့လယ် ၁ နာရီ ၁၉ မိနစ်အချိန်တွင် သေဆုံးလျက် ပြန်လည်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

Telegram….
https://t.me/positiveanglenews

PAN