အမေရိကန်စစ်သားများ သေဆုံးမှုအတွက် အီရန် “အဆပေါင်းများစွာ ပေးဆပ်ရမည်” ဟု သမ္မတ ထရမ့် သတိပေး

(နိုင်ငံတကာ) ဇူလိုင် ၂၁                              

   အရှေ့အလယ်ပိုင်း ပဋိပက္ခများအတွင်း အမေရိကန်စစ်သည်များ ဆက်တိုက်ကျဆုံးခဲ့ရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် ကြီးလေး သော တန်ဖိုးကို ပေး ဆပ်ရလိမ့်မည်ဟု အပြင်းအထန် သတိပေးလိုက်သည်။

    ယခုသီတင်းပတ်ကုန်ပိုင်းအတွင်း အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အမေရိကန်စစ်သည်များ အသက်ဆုံးရှုံးခဲ့ရသည်။ အီရတ်နိုင်ငံတွင် ပျက်ကျလာသော အီရန်ဒရုန်းတစ်စင်းကို ဖောက်ခွဲဖျက်ဆီးစဉ် အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့ပြီး၊ ဂျော်ဒန်နိုင်ငံတွင်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများကို ခုခံကာကွယ်စဉ် စစ်သားနှစ်ဦး ထပ်မံကျဆုံးခဲ့သည်။                     

     ယခုကဲ့သို့ စစ်သည်များ သေဆုံးမှုကြောင့် ၅ လကြာမြင့်နေပြီဖြစ်သော အမေရိကန်-အစ္စရေးတို့၏ အီရန်စစ်ပွဲ စတင်ချိန်မှစ၍ သေဆုံးခဲ့ရသည့် အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၄၃၀ ခန့်အထိ ရှိလာသည်။

   ဆိုရှယ်မီဒီယာမှတစ်ဆင့် သတိပေးချက်ထုတ်ပြန်ရာတွင် သမ္မတထရမ့်က “အမေရိကန်စစ်သားတစ်ဦးကို အီရန်သတ်ဖြတ်လိုက်တိုင်း အဲဒီသတ်ဖြတ်မှုအတွက် အဆပေါင်းများစွာ ပြန် လည်ပေးဆပ်ရလိမ့်မည်” ဟု တင်းမာစွာ ဖော်ပြခဲ့သည်။ ကာ ကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ Daniel Caine အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်း ဆောင်များထံသို့ တိကျသော ညွှန်ကြားချက်များ ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။             

    အမေရိကန်ဘက်ကလည်း အီရန်နိုင်ငံကို (၉) ရက်မြောက်နေ့အဖြစ် ဆက်လက်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အီရန်၏ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံများကို အဓိက ပစ်မှတ်ထားနေသည်။ အီရန် ဘက်ကလည်း အမေရိကန်၏ မဟာမိတ်များဖြစ်ကြသော ကူဝိတ်နှင့် အမေရိကန်ရေတပ်အခြေစိုက်ရာ ဘာရိန်းနိုင်ငံတို့ကို တုံ့ ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်။

     သမ္မတ ထရမ့်သည် အီရန်အပေါ် စွမ်းအင်စက်ရုံများနှင့် တံ တားများအထိ ပစ်မှတ်တိုးချဲ့ရန်၊ Kharg ကျွန်း ရေနံဌာနကို မြေပြင်တပ်ဖွဲ့များဖြင့် သိမ်းပိုက်ရန်နှင့် မြေအောက်နက်ရှိုင်းသည့် နူကလီးယားစခန်းများကို ဗုံးကြဲရန် စသည့် ကျယ်ပြန့် သော စစ်ရေးလုပ်ဆောင်ချက်များကိုပါ ခြိမ်းခြောက်ထားသည်။

     ဤစစ်ပွဲနှင့် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်များနှင့် ပတ် သက်၍ အင်္ဂါနေ့တွင် ကွန်ဂရက်လွှတ်တော် ကြားနာပွဲ၌ စစ်ဘက်အကြီးအကဲများနှင့်အတူ အဓိက ဆွေးနွေးသွားမည်ဖြစ်သည်။

Telegram»…  https://t.me/positiveanglenews

#PAN