(ပြည်တွင်း) ဇူလိုင် ၁၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေစွာပေးနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ သွားရောက်၍ ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှုနှင့် အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းနေမှု အခြေအနေများကို လေ့လာခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် လိုအပ်သော ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်နှင့် ဆေးဝါးများ အလေအလွင့်မရှိစေရေးကို အစဉ်တစိုက် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး (၁) ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံး (၂) ရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး (၁၅) ရုံး ဖွင့်လှစ်ထားရှိပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင် အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ကာလအတွင်း လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေ စုစုပေါင်း ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။Telegram….https://t.me/positiveanglenews#PAN