တောင်ကြီးနည်းပညာတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကွင်းဆင်းစစ်ဆေး

(ပြည်တွင်း) ဇူလိုင် ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇူလိုင် ၁၇ ရက်နေ့တောင်ကြီးနည်းပညာတက္ကသိုလ်၏ တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အအုံများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်၊ ရေရှည်အသုံးပြုနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တက္ကသိုလ် စာပေနှင့်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ Music Club ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မှ တာဝန်ခံများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တက္ကသိုလ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်စစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။Telegram….https://t.me/positiveanglenews#PAN