မန္တလေးတွင် အမျိုးသမီးတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

(မှုခင်း) ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊ပြည်ကြီးရန်လုံရပ် ကွက်၊အကွက်(၆၄)၊ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၉ရက် နံနက်၉နာရီ၂၀မိနစ်အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ပြည်ကြီးရန်လုံရပ် ကွက်၊အကွက်(၆၄)၊ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်အပေါ်ထပ်မှ အသက်၅၂ နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသေဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး အမှတ်(၄) နယ် မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရုပ်အလောင်းကို လူမှု့ကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN