(နိုင်ငံတကာ) ဇူလိုင် ၁၉
အီရန်နိုင်ငံရှိ အလယ်ပိုင်းမီဒီယာတစ်ခုဖြစ်သော Tasnim သတင်းဌာန၏ ဖော်ပြချက်အရ ခက်ရှ်မ်ကျွန်း (Qeshm Island) အနီးအဝိုင်းဒေသများတွင် ဒုံးကျည်အနည်းဆုံး (၆) လုံး ကျရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းသည် ကျွန်းပေါ်ရှိ သတင်းထောက်၏ အချက်အလက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လုံခြုံရေးအာဏာပိုင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် ယင်းဒုံးကျည်ကျရောက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ပျက်စီးမှုအခြေအနေများနှင့် လူထိခိုက်ဒဏ်ရာရရှိမှုများအကြောင်းကိုလည်း မည်သည့် သတင်းအချက်အလက်မှ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
မကြာသေးမီက အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများ မြင့်တက်လာမှုနှင့်အတူ ခက်ရှ်မ်ကျွန်းအနီးတွင် ဒုံးကျည်များ သို့မဟုတ် ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သတင်းများ ဆက်တိုက် ထွက်ပေါ်လျက်ရှိကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
Telegram – t.me/positiveanglenews
#PAN