(မှုခင်း) ဇူလိုင် ၁၈
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာနှင့် လျှပ်စစ်လမ်းခွဲကြားတွင် မော်တော်ယာဥ်မှအရှိန်လွန်ကာ မျက်နှားချင်ဆိုင်မှမောင်းလာသည့် ဆိုင်ကယ်အား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ရက် မွန်းလွဲ၃နာရီ၄၀မိနစ်အချိန်က ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာအနီးတွင် မြတ်စည်သူအောင် ၃၁နှစ်၊ (ဘ) ဦးသိန်းလွင်သည် ယာဥ်အမှတ် ygn 38/ 6N ……..၊ suzuki ciaz အဖြူရောင် မော်တော်ယာဉ်နှင့် မွန်းတည့်ခွင် ဘက်မှမောင်းနှင်လာစဥ် ဦးသိန်းလင်း ( ၅၂)၊ (ဘ) ဦးကျော်အေးသည် အဒေါ်ဖြစ်သူဒေါ်ခင်စိန် (၆၁)၊ကံဦးကျေးရွာနေသူအား တင်ဆောင်ကာ လျှပ်စစ်လမ်းခွဲဘက်မှ NPW -77W၊ 58512၊ honda 100 အမျိုးအစားအနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာစဥ် မွန်းတည့်ခွင်ဂွေ့တွင် တိုက်မိပြီး လမ်း၏တောင်ဘက်ရှိ ကွန်ကရစ် ဓါတ်တိုင်အား မော်တော်ယာဉ်မှ ထပ်မံ ဝင်တိုက်မိခဲ့ရာ ဓါတ်တိုင် ထက်ပိုင်းကျိုးခဲ့၊ကြောင်း၊ ဆိုင်ကယ်မှာလည်း လမ်းတောင်ဘက်သို့ ထိုးကျခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် မော်တော်ယာဉ်မောင်းနှင်သူမှာ ထိခိုက် ဒဏ်ယာမရရှိခဲ့ဘဲ ဆိုင်ကယ်မောင်းနှင်သူတွင် ဝဲခြေသလုံး စုက်ပြက် ဒဏ်ယာ ၁၊ ဝဲလက်ဖျံ စုက်ပြက် ဒဏ်ယာ၁(စိုးရိမ်ရ)၊ ဆိုင်ကယ်နောက်တွင်လိုက်ပါသူ ဒေါ်ခင်စိန်တွင် ဝဲ၊ ယာ လက်၂ဖက်လုံး ကျိုးပြီး စုက်ပြက်ဒဏ်ယာ၊ ခန္ဓာကိုယ် ဖူးရောင်ဒဏ်ယာ(စိုးရိမ်ရ)တို့ရရှိခဲ့သည်။

ထို့နောက် ဒဏ်ယာရရှိသူ၂ ဦးအား ခုတင်၁၀၀၀ပြည်သူဆေးရုံကြီးသို့ ဂရုနာရှင်လူမှုကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် ပို့ဆောင်စဥ် ဆိုင်ကယ်မောင်းသူ ဦးသိန်းလင်းမှာ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN