အောင်ပန်းမြို့တွင် စိတ်ကြွဆေးပြား ၆၇၀ ပြား ဖမ်းဆီးရမိ

(မှုခင်း)ဇူလိုင် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၀ ပြားနှင့်အတူ သံသယရှိသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က အောင်ပန်း-ဟဲဟိုးသွားလမ်းရှိ ပစ္စုပ္ပန်ကျောင်းတိုက်အနီးတွင် နံပါတ်မပါ Loujia 110 အမျိုးအစား ဆိုင်ကယ်တစ်စီးအား တားဆီးစစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူ မျိုးလှိုင်ဝင်း (ခ) အောင်ငဲ၏ လွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၅၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးပြားများကို အောင်ငြိမ်းပိုင် (ခ) စမောထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် ၎င်း၏နေအိမ်ကို ရှာဖွေရာ နောက်ထပ် စိတ်ကြွဆေးပြား ၅၂၀ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN