
(မှုခင်း) ဇူလိုင် ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ – DNDP ဒုတိယဥက္ကဋ္ဌနှင့် ဝက်ဒိုင်လုပ်ကိုင်သူ ၂ ဦး အသတ်ခံကြောင်း သိရသည်။
ဇူလိုင် ၁၄ ရက်၊ ညပိုင်းက ညောင်ပင်ခွကျေးရွာတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ – DNDP ဒုတိယဥက္ကဋ္ဌနှင့် ဝက်ဒိုင်လုပ်ကိုင်သူ ၂ ဦးကို PDFအကြမ်းဖက်အဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်ခံရသူ ၂ ဦးအနက် ဦးစံတင့်အား အကြမ်းဖက်PDF များက သတိပေးစာများ ပေးပို့ခံခဲ့ရပြီး အသွားအလာ ဆင်ခြင်နေထိုင်ခဲ့သော်လည်း ယခုတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။