
(ပြည်တွင်း) ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်အတွင်းတွင် အကြမ်းဖက် PDF သောင်းကျန်းသူများမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ အတင့်ရဲစွာဖြင့် လုပ်ဆောင်လျက်ရှိလာကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေ၅နာရီခွဲ အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊နှစ်ကျပ်ခွဲကျေးရွာအတွင်းသို့ အကြမ်း ဖက် PDF များ ထော်လာဂျီဖြင့် ဝင်ရောက်လာကာ ကျေးရွာအတွင်းမှ ကုန်စုံဆိုင် ပိုင်ရှင် ဦးနိူင်လင်းအား ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
အလားတူ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ၃နာရီခွဲ အချိန်ခန့်ကလည်း နှစ်ကျပ်ခွဲကျေးရွာနေ ကိုစိုင်းဆိုသူအား အကြမ်းဖက် PDF အင်အား ၁၀ဦးခန့် ဆိုင်ကယ် ၅စီးဖြင့်ရောက်ရှိလာကာ ကိုစိုင်း၏ ဆိုင်ကယ်နှင့်အိမ်တွင်းရှိ ပစ္စည်းများယူဆောင်ကာ ကိုစိုင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းအပြင် ဇွန်လ၂၈ ရက်နေ့ကလည်း နှစ်ကျပ်ခွဲကျေးရွာအတွင်းသို့ အကြမ်း ဖက် PDF များ ဝင်ရောက်လာပြီး ကျေးရွာနေ မဝင်းဌေးအိမ်မှ တယ် လီဖုန်းများ ယူဆောင်ကာ မဝင်းဌေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဇူလိုင်လ၁၀ရက်နေ့ကလည်း အကြမ်းဖက် PDF များ နှစ်ကျပ်ခွဲကျေးရွာအတွင်းသို့ ဆိုင်ကယ် ၆စီးဖြင့် ဝင်ရောက်လာကာ ကိုငယ်တာအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ဖြစ်စဥ်များဖြစ်ပွားရာ နှစ်ကျပ်ခွဲကျေးရွာမှ ကျောက်ပန်းတောင်းမြို့ပေါ်နှင့် ၄မိုင်ခွဲခန့်သာ ကွာဝေးပြီး အကြမ်းဖက် PDF များမှ ယခုကဲ့သို့ ကျေးရွာအတွင်း အတင့်ရဲစွာဝင်ရောက်၍ ကျေးရွာသူ/ သားများကို ဖမ်းဆီးခေါ်ဆောင်သွားမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများ ထိတ်လန့်စွာနေထိုင်နေရပြီး အချို့မှာ နေရပ်ကို စွန့်ခွာထွက် ပြေးသည်အထိ အခြေအနေများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။