
(ပြည်တွင်း) ဇူလိုင် ၁၆
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ (တိဘက်) တွင် ကျင်းပမည့် “အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော် နိုင်ငံများဆိုင်ရာဖိုရမ်” သို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။
အဆိုပါဖိုရမ်ကို တရုတ်နိုင်ငံ၊ လင်ကျစ် (Nyingchi) မြို့၌ ပဉ္စမအကြိမ်မြောက်အဖြစ် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ဖိုရမ်၏ အဓိကရည်ရွယ် ချက်များမှာ ဟိမဝန္တာတောင်တန်းဒေသအတွင်း နိုင်ငံတကာအကြား ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာစေရန်၊ ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန် ဖြစ်သည်။
ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးနိုင်မင်းကျော်၊ ဒေါက်တာသောင်းနိုင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဤခရီးစဉ်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း မျှော်လင့်ရသည်။
Telegram»… https://t.me/positiveanglenews
#PAN