အမေရိကန်-အီရန် စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်၊ ဟော်မုဇ်ရေလက်ကြားအား အီရန်ဘက်မှ တင်းကျပ်စွာ စီမံခန့်ခွဲရန် လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်း

(နိုင်ငံတကာ) ဇူလိုင် ၁၅

   အမေရိကန်နှင့် အီရန်တို့ကြား ငါးလနီးပါးကြာ တင်းမာမှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ကျင်းပသည့် အီရန်လွှတ်တော်တွင် ဟော်မုဇ်ရေလက်ကြားကို အီရန်၏ အချုပ်အခြာအာဏာအောက်တွင် ထားရှိရန်နှင့် စီမံခန့်ခွဲရန်အတွက် မဟာဗျူဟာမြောက် ဥပဒေကြမ်းတစ်ခုကို လွှတ် တော်အမတ်များက တင်သွင်းလိုက်သည်။             

    “ဟော်မုဇ်ရေလက်ကြားနှင့် ပါရှန်းပင်လယ်ကွေ့၏ လုံခြုံ ရေးနှင့် ရေရှည်တိုးတက်မှုအတွက် မဟာဗျူဟာမြောက် လုပ်ဆောင် ချက်”ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေ ကြမ်းသည် ကမ္ဘာ့စွမ်းအင်ဖြတ်သန်းရာ အဓိကလမ်း ကြောင်းဖြစ်သည့် ရေလက် ကြားအပေါ် အီရန်၏ ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေရန် ရည် ရွယ်သည်။ အဆိုပါဥပဒေ ကြမ်းတွင် အမေရိကန် သို့မဟုတ် အစ္စရေးအလံတင်သင်္ဘောများအပါအဝင် အီရန်က “ရန်လိုသော” ဟု သတ် မှတ်သည့် သင်္ဘောများအား ဖြတ်သန်းခွင့်ပိတ်ပင်ခြင်း၊ ဖြတ်သန်းခွင့်ပြုချက်နှင့် အခကြေးငွေကောက်ခံခြင်း၊ ကုန် ပစ္စည်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ဒဏ်ငွေအဖြစ် သိမ်း ဆည်းနိုင်ခြင်း စသည့်အချက်များ ပါဝင်နိုင်ကြောင်း သိရသည်။

      ပြီးခဲ့သည့်တစ်ပတ်အတွင်း အမေရိကန်စစ်တပ်က အီရန်ပြည်နယ် ၁၁ ခုကို လေကြောင်းတိုက်ခိုက်မှု ရာနှင့်ချီ ပြုလုပ်ခဲ့ရာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး၊ အီရန်ဘက်ကလည်း ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်ရှိ အမေရိကန်ပိုင်ဆိုင်မှုများဆီသို့ ဒုံးကျည်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဗျူဟာမြောက် ရေကြောင်းလမ်းကြောင်းများ ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်လာမည်ဟူသော မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့ရသည်။

    စစ်ရေးတင်းမာမှုများသည် အီရန်၏ စီးပွားရေးကို လည်း ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိသည်။ အီရန်ရီယယ်ငွေတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁.၈၅ သန်းနှုန်းအထိ ကျဆင်းသွားပြီး သမိုင်းတစ်လျှောက် အနိမ့်ဆုံးဖြစ်သော ၁.၉ သန်းနှုန်းနှင့် နီးကပ်လာသည်။ ထို့အပြင် တီဟီရန်စတော့အိတ်ချိန်း၏ အဓိကအညွှန်းကိန်းမှာလည်း ၄၂,၀၀၀ မှတ်အထိ ထပ်မံကျဆင်းသွားခဲ့သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်တောင်ပိုင်းကို ရေတပ်ဖြင့် ပိတ်ဆို့မည်ဟု ကြေညာထားပြီး၊ အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြား၏ “ထာဝရအုပ်ထိန်းသူ” အဖြစ် ရပ်တည်ကာ အမေရိကန်ထက် သာလွန်သော၊ သို့သော် “မျှတသော” အခကြေးငွေများ ကောက်ခံသွားမည်ဟု တုံ့ပြန်ထား သည်။                     

    ယီမင်ရှိ ဟူသီလက်နက်ကိုင်များ၏ အကူအညီဖြင့် အခြားရေ ကြောင်း လမ်းကြောင်းများကိုပါ ပိတ်ဆို့နိုင်ကြောင်း အီရန်က အရိပ်အမြွက် ပြောကြားထားသဖြင့် ဒေသတွင်း ပဋိပက္ခမှာ ရေ တိုအတွင်း ငြိမ်းချမ်းရန် ခက်ခဲနေကြောင်း နိုင်ငံတကာက သုံး သပ်လျက်ရှိသည်။              

Telegram»…  https://t.me/positiveanglenews

#PAN