
(နိုင်ငံတကာ) ဇူလိုင် ၁၃
အမေရိကန်နှင့် အီရန်တို့သည် ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာခွင့်နှင့် ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အ လှန် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး၊ အမေရိကန်ဘက်မှ အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထား၍ လေ ကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးများကို ကြီးကြပ်နေသည့် အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ၊ ယခုပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွား လာနေသည့် အရပ်ဘက်နှင့် ကုန်သွယ်ရေးသင်္ဘောများကို ခြိမ်းခြောက်နေသည့် အီရန်၏ စစ်ရေးစွမ်းရည်များကို အားနည်းသွားစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် အီရန် ၏ ဒရုန်း၊ ဒုံးကျည်၊ ကျည်ဆန်သိုလှောင်ရုံနှင့် ရေတပ်စစ်ဆင် ရေးဆိုင်ရာ နေရာများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

အီရန်ဘက်ကလည်း ဂျော်ဒန်၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာနှင့် အိုမန်နိုင်ငံများရှိ အမေရိကန်စစ်စခန်းများကို ပြန်လည်တိုက် ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အနေဖြင့် ဒေသတွင်းရှိ နိုင်ငံများအား ကျူးကျော်မှုအတွက် အခြေ စိုက်စခန်းများအဖြစ် အသုံးမပြုရန် တိုက်တွန်းခဲ့ပြီး၊ အီရန်အနေဖြင့် နိုင်ငံတကာ ဥပဒေအရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
အဆိုပါ ပဋိပက္ခများသည် ပြီးခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) ကို ချိုးဖောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်း အီရန်က ရေလက် ကြားကို ဖြတ်သန်းသည့် သင်္ဘောများကို ဒရုန်းဖြင့် ပစ်ခတ်ခဲ့ပြီး အချို့သော ကိစ္စရပ်များတွင် သင်္ဘောများသည် ခွင့် ပြုချက်မရှိသော လမ်းကြောင်းများအတွက် သတိပေးချက်များကို လျစ်လျူရှုသည်ဟု စွပ်စွဲခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် ၎င်း၏ နယ်မြေအတွင်း ရေပြင်တွင် တည်ရှိနေသောကြောင့် ၎င်းကိစ္စကို အချုပ် အခြာအာဏာဆိုင်ရာ ကိစ္စအဖြစ် အီရန်က သတ်မှတ်သည်။ ထရမ့်အစိုးရကမူ ထိုဒရုန်းတိုက်ခိုက်မှုများကို စာချွန်လွှာကို ချိုးဖောက်ခြင်းဟု မြင်ပြီး စစ်ရေးအရ တုံ့ပြန်ခဲ့သည်။
အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က M/V GFS Galaxy ဆိုက်ပရပ်စ်သင်္ဘောအား အီရန်၏ ဒရုန်း တိုက် ခိုက်မှုသည် စနေနေ့က ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ရသည့် အကြောင်းရင်းတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ ဒရုန်းတိုက်ခိုက်မှုများမှာ အများအားဖြင့် လူသေဆုံးမှု မရှိသော်လည်း Galaxy သင်္ဘောကို တိုက်ခိုက်မှုတွင် သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အီရန်က စနေနေ့တွင် ဟော်မုဇ်ရေလက်ကြားကို သွားလာမှုအတွက် ထပ်မံပိတ်ထားကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကမူ ရေလက်ကြားမှာ ပွင့်နေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ “အီရန်က ရေလက်ကြားကို မထိန်းချုပ်ထားပါဘူး။ ယာဉ်သွားလာမှုတွေ ရှိနေပါတယ်” ဟု အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က တနင်္ဂနွေနေ့အစောပိုင်းတွင် ရေးသားခဲ့သည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောသား ပေါင်း ၆,၀၀၀ ခန့် ပိတ်မိနေပြီး ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများမှာလည်း အမြင့်ဆုံးအထိ မြင့်တက်နေသည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်ဖက်စလုံးအား အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်နှင့် ဆွေးနွေးပွဲများမှတစ်ဆင့် ပြဿနာကို ဖြေရှင်းရန် အရေးပေါ် တိုက်တွန်းထားသည်။
နောက်ဆုံးဖြစ်ပွားခဲ့သော အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းစစ်ပွဲ ပြန်လည်စတင်လာမည်ကို စိုးရိမ်မှုများရှိနေချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက ဒေသတွင်းနိုင်ငံများအား အမေရိကန်စစ် တပ်ကို ပံ့ပိုးပေးခြင်း ရပ်တန့်ရန် တောင်းဆိုသည့် တုံ့ပြန်ချက်တစ်ခုကို တင်ခဲ့သည်။
“အမေရိကန်ဟာ သူတို့ရဲ့ နယ်မြေတွေကို အီရန်ကို ကျူး ကျော်ဖို့အတွက် အသုံးပြုခွင့်ပေးတာကို အဲဒီနိုင်ငံတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ဘာဂါအီက ရေးသားခဲ့သည်။
“နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကျူးကျော်သူတွေကို တာဝန်ခံခိုင်းဖို့ ပျက်ကွက်နေချိန်မှာ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်တဲ့အတွက် အီရန်ကို အပြစ် တင်တာဟာ တာဝန်ယူမှုနဲ့ ဝေးကွာနေပါတယ်” ဟု ဆိုသည်။ အီရန်၏ “နိုင်ငံတကာဥပဒေအောက်တွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်” ရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများမှာ တရားဝင်ပစ်မှတ်များ ဖြစ်ကြောင်း ၎င်းက ငြင်းခုံပြောဆိုခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN