
(နိုင်ငံတကာ) ဇူလိုင် ၁၃
ယူကေနိုင်ငံ၌ ယခုနှစ် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော မကြုံစဖူး ပြင်းထန်သည့် အပူလှိုင်းများကြောင့် အင်္ဂလန်နှင့် ဝေလနယ်တို့တွင် လူပေါင်း ၂,၇၀၀ ကျော် သေ ဆုံးခဲ့ရကြောင်း သု တေသနအသစ်တစ်ခုက ဖော်ပြလိုက်သည်။
သိပ္ပံပညာရှင်များ၏ လေ့လာမှုအရ မေလ ၂၁ ရက်မှ ၂၉ ရက်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၅၅၀ ရှိခဲ့ပြီး၊ ဇွန်လ ၁၈ ရက်မှ ၂၈ ရက်အတွင်း ၂,၂၀၀ နီးပါး ထပ်မံသေဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။
Imperial College London နှင့် London School of Hygiene and Tropical Medicine တို့အပါအဝင် ထိပ်တန်းအဖွဲ့အစည်းများက ရာသီဥတုဆိုင်ရာ မော်ဒယ်များနှင့် သေဆုံးမှုစာရင်းအင်းများကို ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာ၍ ယခုကဲ့သို့ အစီ ရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ယူကေနှင့် ဥရောပနိုင်ငံများသည် စံချိန်တင် အပူလှိုင်းနှစ်ခုကို ကြုံတွေ့ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် မေလအတွင်း အပူချိန် ၃၅.၁ ဒီဂရီစင်တီဂရိတ်နှင့် ဇွန်လတွင် ၃၇.၇ ဒီဂရီစင်တီဂရိတ်အထိ အသီးသီး ရောက်ရှိခဲ့သည်။
သိပ္ပံပညာရှင်များ၏ အဆိုအရ ကမ္ဘာကြီးပူနွေးလာမှုသာမရှိပါက ယခုအပူချိန်ထက် ၄ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုနိမ့်ကျနိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းများသည် ပိုမိုပြင်းထန်ပြီး ကြိမ်ဖန်များစွာ ဖြစ်ပွားလာနေကြောင်း သတိပေးထားသည်။
ယူကေအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ရင်ဆိုင်ရန် “အဆင်သင့်မဖြစ်သေး” ကြောင်း Climate Change Committee (CCC) က သတိပေးထားသည်။ ၂၀၅၀ ခုနှစ်အရောက်တွင် ယူကေရှိ အိမ်ပေါင်း ၉၂ ရာခိုင်နှုန်းသည် အပူလွန်ကဲသည့်ဒဏ်ကို ခံစားရနိုင်ခြေရှိနေသည်။
ထို့ကြောင့် အစိုးရအနေဖြင့် လုပ်ငန်းခွင်များတွင် အမြင့်ဆုံးအပူချိန် သတ်မှတ်ပေးရန်နှင့် ကျောင်းများ၊ ဆေးရုံများကဲ့သို့ အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် လေအေးပေးစက်စနစ်များအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် လိုအပ်လျက်ရှိသည်။
ဥရောပ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပံ့ပိုးပေးထားသည့် EuroMOMO ကွန် ရက်မှ ပြောကြားချက်အရ သေဆုံးသူအများစုမှာ အသက် ၆၅ နှစ်နှင့်အထက် လူကြီးများဖြစ်ပြီး၊ ထိုအသက်အရွယ်အပိုင်း အခြားတွင် ပုံမှန်ထက်ပိုမိုသေဆုံးသူ ၉,၀၀၀ ရှိကြောင်း အစီ ရင်ခံထားသည်။
သိပ္ပံပညာရှင်များသည် ဇွန်လအတွင်း ဥရောပနိုင်ငံ ၂၇ နိုင်ငံမှ အမျိုးသားသေဆုံးမှုဆိုင်ရာ စာရင်းအင်းများကို စုစည်းခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်မှုကဲ့သို့သော အခြားမှတ်သားဖွယ်အကြောင်း ရင်းများ မရှိပါက ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း ပုံမှန်ထက်ပိုမိုသေဆုံးသူ ၁၀,၆၅၀ ဦး ဖြစ်ပေါ်လာရခြင်းမှာ အပူလှိုင်းကြောင့်ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN