နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) ဇူလိုင် ၁၂                            

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများနှင့် လူမှုစီးပွားရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

     သမ္မတသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင် တန်းကျောင်းသို့ ဆက်သွယ်ဖောက်လုပ်နေသည့် လမ်းသစ်လုပ် ငန်းခွင်သို့ ရောက်ရှိပြီး လမ်းအဆင့်မြှင့်တင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းပခုံးများ စနစ်တ ကျတည်ဆောက်ရေးအတွက် လမ်းညွှန်ချက်များ ပေးခဲ့သည်။ ထို့ပြင် လမ်းဘေးဝဲယာတွင် ဒေသနှင့်ကိုက်ညီသော အရိပ်ရလေကာပင်များကို စနစ်တကျစိုက်ပျိုး၍ စိမ်းလန်းစိုပြည်စေရန်နှင့် ဇီးပင်ကြီး အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း သတ်မှတ်ချက်များနှင့်အညီ အားကစားကွင်းတစ်ခု တည်ဆောက်ပေးရန် မှာ ကြားခဲ့သည်။     

    ပြင်စာရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အအုံ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြို့တွင်းစိမ်းလန်းစိုပြည်ရေး၊ စီမံကိန်းအတွင်းရှိ စက်မှုဇုန်မြေကွက်များတွင် လုပ် ငန်းရပ်ဆိုင်းထားသည့် ကုမ္ပဏီများအနေဖြင့် ဆက်လက်လုပ်ကိုင်လိုခြင်း ရှိ/မရှိ စိစစ်မှု၊ စီမံကိန်းအပိုင်း(၁) ဧက ၂,၂၀၀ အတွက် ဖြစ်နိုင်ခြေလေ့လာမှု၊ စီမံကိန်းဧရိယာမြောက်ပိုင်းတွင် မြေနေရာချထားပေးမှု၊ စီမံကိန်းတွင် စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်မှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

   ၎င်းနောက် ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆိုင်ဘာစီးတီးစီမံကိန်း အကောင်အထည်ဖော်မှု၊ စီမံကိန်းအဆောက်အအုံများ၏ ပြင်ဆင်ထားရှိမှု၊ ပြည်တွင်းနည်းပညာကုမ္ပဏီများ၏ သင်တန်းခန်းမနှင့် ဝန်ထမ်းအဆောင်များ ငှား ရမ်းလိုမှု၊ ပြည်ပနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးလျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို တင်ပြခဲ့သည်။             

    သမ္မတက စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို စနစ်တကျစိစစ်ရန်၊ ဒေသတွင်း နည်းပညာတက္ကသိုလ်များမှ ဘွဲ့ရရှိထားသည့် လူငယ်နည်းပညာရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် စီမံကိန်းဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင် တွယ်ရန် အလေးပေးပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Incubation Centre (IC) လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။       

    ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၏ ပိုးချည်မျှင်စက်ရုံ (ပြင်ဦးလွင်) သို့ ရောက်ရှိပြီး ပိုးမွေးမြူရေး၊ ပိုးအိမ်နှင့် ပိုး ချည်မျှင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ပိုးထည်ထုတ်လုပ်မှု လုပ် ငန်းစဉ်များကို ကြည့်ရှုခဲ့သည်။ သမ္မတက သုတေသနလုပ် ငန်းများကို အခြေ ခံ၍ ပိုးချည်ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် ပြည်တွင်းပြည်ပ ဈေး ကွက်သို့ တင်ပို့နိုင်သည့် အရည် အသွေးမြင့် ပိုးထည်များထုတ် လုပ်ရန် မှာကြားကာ စက်ရုံဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။           

Telegram»… https://t.me/positiveanglenews

#PAN