တိုင်ဖွန်းမုန်တိုင်း ဘားဗီ တရုတ်နိုင်ငံသို့ ဦးတည်ဝင်ရောက်လာ၊ လူပေါင်း ၆၀၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

(နိုင်ငံတကာ) ဇူလိုင် ၁၂

ဂျပန်နိုင်ငံ ဆာကီရှီးမားကျွန်းစုနှင့် ထိုင်ဝမ်ကျွန်းတို့ကို ဖြတ်သန်းတိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဘားဗီ(Bavi) သည် ယခုအခါ တရုတ်နိုင်ငံကမ်းခြေဒေသများသို့ အရှိန် အဟုန်ဖြင့် ဦး တည်ရွေ့လျားလာနေသဖြင့် တရုတ်အာဏာ ပိုင်များက လူပေါင်း ၆၀၀,၀၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရသည်။            

    တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ လူဦး ရေ ငါးသိန်းကျော်နှင့် အိမ်နီးချင်း ဖူကျန့်ပြည်နယ်မှ လူဦးရေ ၁၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ် သည်။ မုန်တိုင်းသည် ကျဲ့ကျန်းပြည်နယ်ရှိ လူဦးရေထူထပ်သော ဝမ်ကျိုးမြို့သို့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ကုန်းတွင်းပိုင်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

  တရုတ်အမျိုးသားမိုးလေဝသဌာနက လိမ္မော်ရောင် အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး လေ ကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခြင်း၊ မီးရထား ပြေးဆွဲမှုများကို လျှော့ချခြင်းနှင့် ကျောင်းများ၊ ကူးတို့သင်္ဘော ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းထားခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ထို့ ပြင် နင်ဒေမြို့တွင်လည်း အရေးပေါ် ကယ်ဆယ်ရေးလုပ်သား ၁၇,၀၀၀ ကျော်ကို အသင့်အနေအထားဖြင့် ချထားသည်။           

   ဘားဗီမုန်တိုင်း မတိုင်မီ ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း ‘မေဆက်’ ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်နှင့် ကွမ်ရှီးပြည်နယ်တို့တွင် ဆည်တစ်ခု ပျက်စီးခဲ့ပြီး လူ ၃၉ ဦးအထိ သေ ဆုံးခဲ့ရသည်။                  

     ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတွင် ဘားဗီမုန်တိုင်း၏ သက် ရောက်မှုကြောင့် ပိုမိုအားကောင်းလာသော အနောက်တောင်မုတ်သုံလေနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သောကြာနေ့ တစ်ညလုံး မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူအနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်။                 

ထိုင်ဝမ်တွင်မူ ဘားဗီမုန်တိုင်းသည် စနေနေ့က ကျွန်းကို ဖြတ်ကျော်သွားမည်ဟု ကျွန်း၏ ဗဟိုမိုးလေဝသစီမံခန့်ခွဲမှုဌာနက ခန့် မှန်းထားပြီး၊ အဓိကအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေ ပြင်းတိုက်ခတ်မှုများကြောင့် လမ်းများချော်နေချိန်တွင် ဆိုင်ကယ်စီးနင်းသူများ အပါအဝင် လူအနည်းဆုံး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။              

     စနေနေ့ နံနက်ပိုင်းအထိ ကျွန်းတစ်ဝန်းတွင် လူပေါင်း ၁၄,၂၁၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ အထူးသဖြင့် ထိုင်ကျုံး (Taichung) မြို့နှင့် ဟွာလင် (Hualien) ခရိုင်တို့မှ ဖြစ် သည်။ ထိုင်ဝမ်တစ်ဝန်းလုံးရှိ ကျောင်းများ၊ ရုံးများနှင့် စား သောက်ဆိုင်အများစုကို ပိတ်ထားလိုက်သည်။          

   တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံ၌ အိုကီနာဝါစီရင်စု၏ တောင်ပိုင်းတွင် လှိုင်းကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပြီးနောက် လေကြောင်းခရီးစဉ် ၂၀၀ ကျော်ကို ဖျက် သိမ်းခဲ့ရသည်။ အိုကီနာဝါလက်အောက်ခံ ဆာကီရှီးမားကျွန်းစုတွင် သောကြာနေ့ကတည်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်။              

     ဘားဗီမုန်တိုင်းသည် အားအတော်အသင့် လျော့ကျသွားသော် လည်း မိုးတိမ်တိုက်များတွင် ပါဝင်သော ရေငွေ့ပမာဏ များပြားခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်များကို ပြင်း ထန်စွာ ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။           

Telegram»… https://t.me/positiveanglenews

#PAN