ရဲကွန်မန်ဒိုစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ရန် စောင့်နေသည့် အကြမ်းဖက် PDFများ တန်ပြန်ချောင်ပိတ်တိုက်ခိုက်ခံရသဖြင့် ၂၀ ကျော် သေဆုံး

(ပြည်တွင်း) ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် ရဲကွန်မန်ဒိုစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရန် စောင့်နေသည့် အကြမ်းဖက် PDF တပ်ဖွဲ့ဝင်များဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရသဖြင့် သေဆုံးမှုများကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ချောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲကွန်မန်ဒို စစ်ကြောင်းကို အကြမ်းဖက်PDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရန် ခြုံခိုစောင့်ဆိုင်းနေစဥ် တန်ပြန်ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ရဲကွန်မန်ဒိုစစ်ကြောင်း၏တိုက်ခိုက်ချေမှုန်းမှုကြောင့် မကွေးခရိုင်တပ်ရင်း ၃မှ အကြမ်းဖက်PDFတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်၊ ခဲယမ်းကျည်များနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။