လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျရောက် ‌ ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရ

(ပြည်တွင်း) ဇူလိုင်၉

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ထဲသို့ အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ညနေ ၄ နာရီခွဲအချိန်ခန့်က အကြမ်းဖက်အဖွဲ့ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသည် လားရှိုးမြို့အတွင်းရှိ အမှတ်(၁၀) ရပ်ကွက်အတွင်း၊ စွန်းလွန်းကျောင်းအနီး ၁ လုံး နှင့် အမှတ်(၆)ရပ်ကွက်အတွင်းရှိ၊ ရွှေလီဘုန်းကြီးကျောင်း အနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၁၀ တွင် နေခိုင်သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပြီး ရပ်ကွက် ၆တွင်းမှ အပြစ်မဲ့အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://t.me/positiveanglenews

#PAN