(ပြည်တွင်း) ဇူလိုင်၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းတွင် NUGလက်အောက်ခံ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အား ထမင်းချက်ခိုင်းရာ ထမင်းမချက်ပေးသဖြင့် PDFတစ်ဦးမှ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၆ ရက်နေ့က စစ်ကြောင်းစုဖွဲ့မှု ပြုလုပ်နေစဉ်အတွင်း PDFလူငယ်တပ်စိပ်မှူးတစ်ဦးနှင့် NUGလက်အောက်ခံ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့အကြား ထမင်းချက်ပေးရမယ့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ PDF တစ်ဦးက ပလဖ အဖွဲ့ဝင်ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။
NUGထိန်းချုပ်နယ်မြေများတွင် ပြည်ပြေးNUGလက်အောက်ခံအကြမ်းဖက် PDFတပ်ဝင်များအချင်းချင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မကြာခဏဖြစ်ပေါ်နေပြီး locial PDFအကြမ်းဖက်များကိုလည်း လူအင်အားအလုံးရင်းဖြင့် တိုက်ခိုက်နေသဖြင့်နယ်မြေစွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN