(မှုခင်း)ဇူလိုင် ၉
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံပယ်(၃)လမ်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးရာမှ WY စိတ်ကြွဆေးပြား ၂ သိန်းကို ဖမ်းဆီးရမိခဲ့သည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက စိမ်းကြားဆာလာအိတ်တစ်လုံး ထမ်းလာသူ ညီဇင်နိုင်(ခ)ချာမူး (အသက် ၂၇) အား မသင်္ကာဖွယ်ရာ တွေ့ရ၍ စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

စစ်ဆေးချက်အရ အိတ်အတွင်းရှိ 999 တံဆိပ်ပါ အထုပ်များအတွင်း WY စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သိန်းကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကွင်းဆက်အား ဆက်လက်ဖော်ထုတ်လျက်ရှိပြီး ညီဇင်နိုင်(ခ)ချာမူးကိုလည်း ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

#PAN