အင်းတော်ကြီး ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ ၂ ဦးပါအဝင် ဒေသခံရှမ်းနီများကို KIA ဖမ်းဆီး

(ပြည်တွင်း) ဇူလိုင်၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ မှ ခေါင်းဆောင် ၂ဦးအပါဝင် အဖွဲ့ဝင် (၄)ဦးနှင့် ဒေသခံအများအပြားအား KIA+PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးသွားကြောင်း သိရသည်။

ဇူလိုင်လ ၆ရက်နေ့က မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ၊နန့်မီးလောင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ ၂ ဦးဖြစ်သည့် ဒေါ်ညွန့်ရီနှင့် ဦးဝင်းဇော်တို့အပါအဝင် နမ့်မီးလောင်ကျေးရွာမှ ဒေသခံအများအပြားကို KIA/PDF ပူးပေါင်းတပ်တို့က မျက်နှာတွင် ပုဝါဖြင့်စည်းပြီးခေါ်သွားကာ ညောင်ပင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနှင့် ကုန်းမနကျေးရွာသားအချို့အား လည်းကောင်း၊ ၂၀၂၂ခုနှစ်တွင်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များကိုလည်းကောင်း KIA နှင့် လက်အောက်ခံအဖွဲ့များက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း KIA တပ်ဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များထဲမှ ၁၀ ဦးထက်မနည်း ရှိနေကြောင်း၊ အသတ်အန္တရယ်စိုးရိမ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

#PAN