ပြည့်တန်ဆာအမျိုးသမီးနှင့်အတူနေစဉ် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး

(မှုခင်း) ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ပြည့်တန်ဆာနေအိမ်တစ်ခုတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့်အတူ အခန်းအတွင်း နေစဉ် ရုတ်တရက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် ည ၈ နာရီခန့်တွင် ဦး…. (အသက် ၆၀ ကျော်) သည် အေးရိပ်ငြိမ်ရပ်ကွက် မြေနီလမ်း (ခ) ဦးအောင်ဇေယျ (၃) လမ်းရှိ နေအိမ်တစ်ခုသို့ ရောက်ရှိလာပြီး အိမ်အတွင်းရှိ အမျိုးသမီးတစ်ဦးဖြစ်သူ မ…. (အသက် ၃၀) နှင့်အတူ အခန်းအတွင်း နေထိုင်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သူနာတင်ယာဉ်တို့ ရောက်ရှိလာပြီး သေဆုံးသူ၏ ဇနီးလည်း လာရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူ၏ အလောင်းအား ကော့သောင်းမြို့ (၂) မိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးရခြင်းအကြောင်းရင်းကို ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN