ကလေးငယ်ကို မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံအား သရုပ်ပြခိုင်းစဥ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

(မှုခင်း) ဇူလိုင် ၈

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းရွာတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ဖျောက်ဖျက်ခဲ့သည့် တရားခံအား သရုပ်ပြဆောင်ရွက်ခိုင်းစဥ် ထပ်မံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရကြောင်း သိရသည်။

ဇူလိုင်လ ၇ရက် နေ့က ပြစ်မှုကျူးလွန်သူ ရဲဝင်းပိုင်(ခ)ကျွဲကြီး(ခ) ရဲကြီး(ခ)ပိုင်လေး (၃၃)နှစ်အား ထန်းတပင်မြို့နယ်၊ သပြေခြံကျေးရွာ၊ မင်းထက်မင်းဆိပ်ကမ်းသွားသည့်လမ်း တောစပ်တွင် ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ ဝှက်ထားခဲ့သည့်နေရာအား သိမ်းဆည်းရန် ပြသခိုင်းစဥ် ရဲတပ်သား နိုင်လင်းထက်အား တွန်း၍ ထွက်ပြေးခဲ့ရာ ရဲတပ်သား နိုင်လင်းထက်မှ သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

KGတန်းတက်နေသည့် ၅နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်အား ဆွဲဖြတ်သူ ရဲဝင်းပိုင်(ခ)ကျွဲကြီး(ခ) ရဲကြီး(ခ) ပိုင်လေး (၃၃)နှစ်၏ ရုပ်အလောင်းအား လှိုင်သာယာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး တက်သစ်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၂၆)ဖြင့် အမှုရေးဖွင့်၍ ဆက်လျက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ ရဲဝင်းပိုင်(ခ)ကျွဲကြီး(ခ) ရဲကြီး(ခ)ပိုင်လေး (၃၃)နှစ်ကို နတ်တလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နတ်တလင်းမြို့၊ ဗိုလ်ချုပ်လမ်းပေါ် ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မသင်္ကာသူတစ်ဦးအား တွေ့ရှိ၍ စစ်ဆေးမေးစဥ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

#PAN