(ပြည်တွင်း) ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအားပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား ယနေ့ နံနက် ၈နာရီအချိန်က ပုသိမ်မြို့ အနောက်တောင်ပိုင်စစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

#PAN