အောင်မြေသာစံမြို့နယ်၊နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာကွန်ထရိုလာအဝင်ကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

(မှုခင်း) ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့ နယ်၊မေဃဂီရိရပ်ကွက်၊အကွက် (၁၄၂)၊၈၂×၈၃ လမ်းကြား၊၁၇×၁၈ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၂နာရီ၂၂မိနစ်အချိန်က ဦးကျင်ရွှေ၊၅၆နှစ်၊(ဘ)ဦးဆတ်ပု ပိုင်ဆိုင်သည့် ၃၀‌×၃၀ပေပတ်လည်သွပ်မိုး၊ပျဥ်ခင်း၊နံကပ် ၂ထပ် နေ အိမ်၏ အောက်ထပ်ရှိ ဆိုလာကွန်ထရိုလာအဝင်ကြိုး အပူလွန်ကဲပြီး အနီးရှိစာအုပ်ပုံသို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မြို့နယ် မီးသတ်တပ် ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီ၄၇မိနစ် အချိန်တွင် မီးငြိမ်းသတ်နိူင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်၂လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဦးကျင်ရွှေ ၅၆နှစ်၊(ဘ)ဦးဆတ်ပုအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။