
(နိုင်ငံတကာ) ဇွန် ၂၈
ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ် ကွေ့အတွင်းရှိ ရက်စ်တာနူရာ (Ras Tanura) ရေနံချက်စက်ရုံဝန်း ကျင်တွင် ဆော်ဒီအမျိုးသားရေနံကုမ္ပဏီကြီးဖြစ်သော ဆော်ဒီအာရမ်ကို(Saudi Aramco)ပိုင် ရဟတ်ယာဉ်တစ်စင်း တနင်္ဂနွေ နေ့နံနက်ပိုင်းက ပျက်ကျခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ဆော်ဒီနိုင်ငံသား ၁၄ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနနှင့် SPA နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းထုတ်ပြန်သည်။
အဆိုပါ အာရမ်ကိုကုမ္ပဏီပိုင် ရဟတ်ယာဉ်သည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ အနောက်ဘက်တွင် တည်ရှိသော ရက်စ်တာနူရာဒေသ၌ ဒေသစံတော်ချိန် တနင်္ဂနွေ နေ့ နံနက် ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၃:၀၀) ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။ ၎င်းမတော်တဆမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါရှိသူ အရာရှိနှင့် ဝန်ထမ်းများအပါအဝင် ဆော်ဒီနိုင်ငံသား ၁၄ ဦးစလုံး နေရာ၌ပင် သေဆုံးခဲ့ရသည်။
လတ်တလောတွင် ဆော်ဒီအာဏာပိုင်များနှင့် စွမ်းအင်ဝန်ကြီး ဌာနတို့ ပူးပေါင်းကာ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်း ရင်းကို သိရှိနိုင်ရန် အပြည့်အဝ စုံစမ်းစစ်ဆေးမှုများ စတင်လုပ် ဆောင်နေပြီး၊ ဘေးသင့်မိသားစုများထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ထားကြောင်း သိရသည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်မက်ပဋိပက္ခများကြောင့် အာရမ်ကိုကုမ္ပဏီသည် ပင် လယ်ကွေ့အတွင်းရှိ ၎င်းတို့၏ အဓိက ရက်စ်တာနူရာ ရေနံဆိပ်ကမ်းတွင် ရေနံစိမ်းတင်ဆောင်ခွင့်လုပ်ငန်းများကို လေးလနီးပါးကြာအောင် အပြီးတိုင် ရပ်ဆိုင်းထားခဲ့ရသည်။
သို့သော်လည်း အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲရပ်တန့်ရန် ယာယီသဘောတူညီချက် မရရှိမီ အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သူများက ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကို အပြိုင်အဆိုင် ပြန်လည်တိုးမြှင့်လိုက်ချိန်တွင် ဆော်ဒီအာရမ်ကိုသည်လည်း ပြီးခဲ့သည့် သောကြာနေ့ (ဇွန် ၂၆) ကမှ ရက်စ်တာနူရာဆိပ်ကမ်းလုပ်ငန်းများကို လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံသည် အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲကို ရပ်ဆိုင်းရန် ယာယီသဘောတူညီချက် မရရှိမီ အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သူများက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် တင်ပို့မှုများကို တိုးမြှင့်လိုက်ပြီးနောက် ရေနံတင်သင်္ဘောများ အပြိုင်အဆိုင် ရွှေ့ပြောင်းမောင်းနှင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN