“အီရန်ကတော့ ဇာတ်သိမ်းသွားပြီ” ဟု ထရမ်ပ် ကြွေးကြော် ၊ အပစ်ရပ် MoU အပေါ် ဝေဖန်သည့် လွှတ်တော်အမတ်များကို ပြန်လည်ပုတ်ခတ်ပြီး နေတန်ယာဟုကို “စိတ်မှန်အောင် ထိန်းရမည်” ဟု ဆို

(နိုင်ငံတကာ) ဇွန် ၂၀

     ​​အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းဝင် နား လည်မှုစာချွန်လွှာ (MoU) အပေါ် မိမိပါတီတွင်းမှ အမတ်များအပါအဝင် ဝေဖန်ကန့်ကွက်သူများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်က “မိုက်မဲသူများ” ဟု ခေါ်ဆိုကာ ပြင်းပြင်းထန်ထန် ပြန်လည်ပုတ် ခတ်လိုက်သည်။

     အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်သည် MoU ပါ သဘော တူညီချက်များကို ဆက်လက်ဆွေးနွေးရန် ဆွစ်ဇာလန်သို့ သွားရောက်မည့် ခရီးစဉ်ကို အစ္စရေး၏ လက်ဘနွန်ဗုံးကြဲမှုများကြောင့် ရုတ်တရက် ဖျက်သိမ်းလိုက်ရပြီးနောက်၊ ယခုငြိမ်းချမ်းရေးစာ ချုပ် ရေရှည်တည်တံ့ပါ့မလားဟူသော မေးခွန်းများ ထွက်ပေါ် လာစဉ် ထရမ်ပ်က ၎င်း၏ သဘော တူညီချက်ကို ခုခံကာကွယ်ပြောဆိုလာခြင်း ဖြစ်သည်။

     သမ္မတ ထရမ်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “စစ်ပွဲကြောင့် အီရန်ရဲ့ ရေတပ်၊ လေတပ်နဲ့ စစ်ရေးစွမ်းဆောင်ရည်တွေ အားလုံး ကျဆင်းသွားပြီး အားနည်းသွားပြီ။ အီရန်ဟာ အခုအချိန်မှာ ပိုပြီးအခြေအနေကောင်းနေတယ်လို့ ပြောနေတဲ့ ဒီမိုကရက်တွေဟာ ဘယ်လောက်တောင် မိုက်မဲနေကြတာလဲ” ဟု ရေးသားခဲ့သည်။

     ထို့ပြင် ၎င်းက အမေရိကန်သည် အသာစီးရထားပြီး အီရန် ဘက်က မျှော်လင့်ချက်မဲ့ အပူတပြင်းအခြေအနေကြောင့်သာ စားပွဲဝိုင်းသို့ ရောက်လာခြင်းဖြစ်ကြောင်း ထောက်ပြကာ “သူတို့ကတော့ ဇာတ်သိမ်းသွားပြီ (FINISHED)!” ဟု ကြွေးကြော်ခဲ့သည်။ အဆိုပါ MoU အရ ရှေ့လာမည့် ရက်ပေါင်း ၆၀ အတွင်း အီရန်နျူကလီး ယားကိစ္စ၊ ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှု၊ ပိတ်ဆို့မှုများရုပ်သိမ်းရေးနှင့် ဒေါ်လာ ဘီလီယံ ၃၀၀ တန် ပြန် လည်ထူ ထောင်ရေး ရန်ပုံငွေကိစ္စများကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

     ထရမ်ပ်က Axios News နှင့် အင်တာဗျူးတွင် ယခု MoU သည် အီရန်ဘက်က “စည်းကမ်းချက်မရှိ လက်နက်ချခြင်းမျိုး” ဖြစ်နိုင်ကြောင်းနှင့် အမေရိကန်လွှတ်တော်၏ ကန့်သတ်ချက်မရှိဘဲ မိမိအာဏာကို အသုံးပြုနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်အပေါ် ပိတ်ဆို့မှုများ ချက် ချင်းရုပ်သိမ်းပေးခြင်းနှင့် ပြန် လည်ထူထောင်ရေး ရန်ပုံငွေကိစ္စများကို ဝေဖန်နေကြသည့် ရီပတ်ဘလစ်ကန် သဘောထားတင်း မာသူ အမတ်များဖြစ်ကြသည့် ဆီနိတ်တာ တွမ်ကော်တွန်နှင့် ရော်ဂျာဝစ်ကာတို့ကိုလည်း ထရမ်ပ်က ပြန်လည်တိုက်ခိုက်ခဲ့သည်။

     အခြားတစ်ဖက်တွင်လည်း လက်ဘနွန်၌ အစ္စရေးက ပစ်မှတ် ၁၅၀ ကျော်ကို ဆက်လက်ဗုံးကြဲနေခြင်းကြောင့် တင်းမာမှုများ မြင့်တက်နေစဉ်၊ အမေရိကန်၊ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ သတင်းမြစ်များ၏အဆိုအရ လက်ဘနွန်တွင် နောက်ထပ် အပစ်ရပ်စဲရေးတစ်ခုကို ထပ်မံသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

     ဒုသမ္မတ ဂျေဒီဗန့်စ်က အစ္စရေးအနေဖြင့် တစ်ကမ္ဘာလုံးတွင် ကျန်ရှိတော့သည့် တစ်ခုတည်းသော မဟာမိတ်ဖြစ်သည့် အမေရိကန်ကို ရန်မရှာရန် လူသိရှင်ကြား သတိပေးခဲ့ပြီးနောက်၊ သမ္မတ ထရမ်ပ်ကလည်း အစ္စရေးဝန်ကြီးချုပ်နှင့် ပတ်သက်၍ “နေတန်ယာဟုနဲ့ ကျွန်တော့်ဆက်ဆံရေးက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့ကို နည်းနည်းလောက် စိတ်မှန်အောင် (စစ်မက်မလိုလားအောင်) တော့ ထိန်းထားပေးဖို့ လိုအပ်တယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN