စင်ကာပူရှိ မြန်မာသံရုံးသို့ ကောင်စစ်ဝန်ဝန်ဆောင်မှု လာရောက်ရယူသူများ ဂျင်းဘောင်းဘီအစုတ်၊ ဘောင်းဘီတိုနှင့် စကတ်တိုများ မဝတ်ဆင်ရန် ထုတ်ပြန်

(ပြည်တွင်း)ဇွန် ၁၉

     ​​စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်းနှင့် အခြားကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများ လာရောက်ရယူကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးဝင်းအတွင်း လာရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ပြီး သင့်လျော်လျောက်ပတ်သော အဝတ်အစားများကိုသာ ဝတ် ဆင်ကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၁၇ ရက်နေ့တွင် အသိပေးချက်တစ်ရပ် ထုတ်ပြန်၍ တိုက်တွန်းနှိုးဆော်လိုက်သည်။

     အဆိုပါ ထုတ်ပြန်ချက်တွင် သံရုံးသို့ လာရောက်ကြသူများအနေဖြင့် ရင်ပြတ်အင်္ကျီများ၊ လက်ပြတ် သို့မဟုတ် ကြိုးတစ်မျှင်အင်္ကျီများ၊ ဘောင်းဘီတိုများ၊ ဂျင်းဘောင်းဘီအစုတ်များနှင့် စကတ်တိုများကဲ့သို့သော မသင့်လျော်သည့် အဝတ်အစားများ ဝတ်ဆင်လာခြင်းမျိုး မပြုလုပ်ကြရန် လေးစားစွာဖြင့် မေတ္တာရပ် ခံထားသည်။

     သံရုံးသို့ ပတ်စ်ပို့ကိစ္စရပ်များနှင့် အခြားသော ကောင်စစ် ဝန်ဆိုင်ရာ ကိစ္စရပ်များအတွက် လာရောက်ကြသူအားလုံးအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ သင့်လျော်လျောက်ပတ်ပြီး ရိုသေလေးစားမှုရှိသော ပုံစံဖြင့် ဝတ်စားဆင် ယင်လာကြရန် သံရုံးက အလေးအနက် ထပ်လောင်းမေတ္တာရပ်ခံထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN