
(နိုင်ငံတကာ) ဇွန် ၁၈
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲများအဆုံးသတ်ရန် ရရှိထားသည့် နားလည်မှုစာချွန်လွှာ (MOU)ကို လာမည့်သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ရေးထိုးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်နှင့် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်တို့ ကိုယ်တိုင်တက်ရောက်၍ လက်မှတ်ရေး ထိုးနိုင်ခြေရှိကြောင်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ် ဖော်ပြောကြားလိုက်သည်။
ယခင်ကမူ အမေရိကန်ဘက်မှ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့် အီရန်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်တို့သာ ကိုယ်စားပြုလက်မှတ်ထိုးရန် စီစဉ်ထားခဲ့သော် လည်း၊ လက်ရှိတွင် သမ္မတနှစ်ဦးကိုယ်တိုင် သမိုင်းဝင်တွေ့ဆုံ လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို အလေးအနက် ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ G7 ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေသည့် သမ္မတ ဒေါ်နယ်ထရမ်ပ်ကလည်း အဆိုပါသဘောတူညီချက်ကို မကြာမီ (ကြာသပတေး သို့မဟုတ် သောကြာနေ့တွင်) လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီ ၏ အဆိုအရ သဘောတူညီချက်အရ ရက်ပေါင်း ၃၀ အတွင်း ရေတပ်ပိတ်ဆို့ထားမှုများကို အဆုံးသတ်ရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း နောက် ဆုံးသဘောတူညီချက် ရရှိရန် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အခြေ အနေကို ပုံမှန်အတိုင်း ပြန်လည်သတ်မှတ်ပေးမည်ဖြစ်သော် လည်း ယင်းလုပ်ငန်းစဉ်ကို အီရန်နှင့် အိုမန်နိုင်ငံတို့သာ ပူး ပေါင်းစီမံခန့်ခွဲမည်ဖြစ်ပြီး ပြင်သစ်၊ ဗြိတိန် အပါအဝင် ပြင်ပအင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
အဆင့်မြင့် အမေရိကန်အရာရှိတစ်ဦး၏ ရှင်းလင်းချက်အရ ယခု MOU တွင် အီရန်၏ သန့်စင်ပြီး ယူရေနီယံသို လှောင်မှု ပမာဏကို လျှော့ချရန် အနိမ့်ဆုံးစံနှုန်းအသစ်တစ်ခုကို သတ်မှတ်ထားသည့်အပြင်၊ အစ္စရေး၏ ထိုးစစ်ဆင်မှုများ ခံနေရသည့် လက်ဘနွန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့် ရှောက်မည့် အစီအမံများလည်း ပါဝင်သည်။
ယင်းအတွက် အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က အီရန်အပေါ် ချမှတ်ထားသည့် ကျယ်ပြန့်သော စီးပွား ရေးပိတ်ဆို့မှုအချို့ကို ယာယီကင်းလွတ်ခွင့်ပြု (Waive) ပေးသွားမည် ဖြစ် သည်။ သို့သော် အမေရိကန်က ရေးဆွဲထားသည့် စာသားတွင် ဟော်မုဇ်ရေလက်ကြားကို အခွန်ကင်းလွတ်ခွင့်ပြုမည့် ကာလအား ရက်ပေါင်း ၆၀ မျှသာ အာမခံထားပြီး နောက်ပိုင်းတွင် ဖြတ်သန်းခတောင်းခံနိုင်မည့် အခွင့်အလမ်းကို ချန်လှပ်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN