အမြန်လမ်းတွင် အရှိန်မထိန်းနိုင်သည့် ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား တိုက်မိမှုဖြစ်ပွား

(မှုခင်း) ဇွန် ၁၇

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်(၃၅/၂-၃)ကြား၌ဇွန်လ ၁၆ ရက်နေ့ နံနက်၇နာရီ၁၅မိနစ်အချိန်ခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော မော်တော်ယာဥ်တစ်စီးသည် ယာဥ်မတော်တဆဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ TOYOTA HILUX VIGO ခဲရောင်ယာဉ်တစ်စီးသည် ယာဉ်မောင်းအပါအ၀င် ကျား (၂)ဦး လိုက်ပါလာခဲ့ပြီး အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ကာ လက်ယာဘက်လမ်းဘေးသို့ဆွဲချသွားပြီး လမ်းဘေးရှိ မလေးရှားပိတောက်ပင်အားတိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူများ ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ယာဉ်မောင်းများအနေဖြင့်ယာဉ်အမျိုးအစား အလိုက်သတ်မှတ်ထား​သော အမြန်နှုန်း ထက် မိုပိုမောင်းနှင်ခြင်း မပြုကြပါရန်နှင့် ယာဉ်မောင်းနေစဉ် အိပ်မငိုက်စေရေး အထူးဂရုပြုကြပါရန် သတိ​ပေးအပ်ထားကြောင်း သိရသည်။

#PAN