တောင်ကြီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူသေဆုံးပြီး ကားသမား ထွက်ပြေး

(မှုခင်း) ဇွန် ၁၅

ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် CANTERကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ပြီး ကားမောင်းသူမှာ ထွက်ပြေးသွားကြောင်း သိရသည်။

ဇွန် ၁၃ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်ခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် တောင်ကြီး-ကျောက်တလုံးလမ်းရှိ DENKO ဆီဆိုင်အနီးတွင် ကျောက်တလုံးဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော CANTER အဖြူရောင်ယာဉ်သည် မျက်နှာချင်းဆိုင်မှ တောင်ကြီးမြို့၊ ညို့မီးကျေးရွာတွင် နေထိုင်သည့် အသက် ၂၀ အရွယ် ဖိုးသားဆိုသူမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဖိုးသားတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ ဝဲဒူးခေါင်း ကွဲဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ၊CANTER ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ သေဆုံးသူ၏ရုပ်အလောင်းကို မြတ်စေတနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အလားတူ အောင်ပန်းမြို့တွင်လည်း ယမန်နေ့ညက ကားနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦးနှင့် ယာဥ်မောင်းတို့ ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

#PAN