မိုင်းပျဉ်းမြို့တွင် ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက်၁၀နါရီခွဲ အချိန်တွင် မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှ နှင့် ဝီးဝါလ တို့လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၈၅၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူ စိုင်းဦးဟောင်(၄၅)နှစ်၊ စိုင်းခမ်းလှ(၃၂)နှစ် နှင့် ဝီးဝါလ(၄၀)နှစ်တို့အား မိုင်းပျဉ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN