အီတလီနိုင်ငံ ရောမမြို့တွင် ရွှေ့ပြောင်းအခြေချမှု ထောက် ခံသူများနှင့် ဆန့် ကျင်သူများ အပြိုင်အဆိုင် ချီတက်ဆန္ဒ ပြပွဲများ ပြုလုပ်ခဲ့ရာ လူပေါင်းထောင်ချီ ပါဝင်ဆင်နွှဲ

(နိုင်ငံတကာ) ဇွန် ၁၄

     အီတလီနိုင်ငံတွင် ရွှေ့ပြောင်းအခြေချသူများအပေါ် တင်းကြပ်ပြတ်သားသည့် အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုထားသည့် လက်ယာစွန်းဝါဒီများ၏ ဥပဒေကြမ်းအဆိုပြုချက် ပါလီမန်သို့ ရောက်ရှိတော့မည့် အခြေအနေအပေါ် မူတည်၍ မြို့တော်ရောမတွင် ရွှေ့ပြောင်းအခြေချမှု ထောက်ခံသူများနှင့် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်ကာ ပြိုင်ဘက်စစ် ကြောင်းကြီးများဖြင့် အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

     စနေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲများတွင် ရောမမြို့ ပရာတီ (Prati) ရပ်ကွက်၌ ကျင်းပသော ရွှေ့ ပြောင်းအခြေချမှု ဆန့်ကျင်ရေး ချီတက်ပွဲသို့ ပါဝင်သူ အနည်းငယ်မျှသော ထောင်ဂဏန်းခန့်သာ ရှိခဲ့သော်လည်း၊ မြို့၏အခြားတစ်နေရာတွင် ပြု လုပ်သည့် ရွှေ့ပြောင်းအခြေချမှု ထောက်ခံရေး ချီတက်ပွဲသို့မူ လူပေါင်းသောင်းနှင့်ချီ၍ တစ်ခဲနက် တက်ရောက်ခဲ့ကြသည်။

     အာဏာပိုင်များအနေဖြင့် ပြိုင်ဘက်အုပ်စုနှစ်စုအကြား ထိပ် တိုက်တွေ့ဆုံမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားစေရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာကို အကာ အကွယ်အဖြစ် အရေးပေါ် ဖြန့်ကြက်ချထားခဲ့ရသည်။

  ယခု ဆန္ဒပြပွဲများသည် နိုင်ငံခြားသားများကို ပစ်မှတ်ထား၍ ၎င်းတို့၏ မိခင်နိုင်ငံများသို့ အဓမ္မပြန်လည်နှင်ထုတ်မည့် “နေရပ်ပြန်ပို့ခြင်းနှင့် ပြန်လည်သိမ်းပိုက်ခြင်း” (Remigration and Reconquest) လူထုပန်ကြားလွှာတွင် ပါလီမန်၌ ဆွေးနွေးခွင့်ရရန် လိုအပ်သည့် လက်မှတ်ပေါင်း ၅၀,၀၀၀ ပြည့်မြောက်သွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

     နီယိုဖက်ဆစ်အုပ်စု (Casapound) ၏ ပြောရေးဆိုခွင့် ရှိသူ လူကာ မာဆယ်လာ (Luca Marsella) က ၎င်းတို့အနေဖြင့် တရားမဝင်သူများသာမက ယဉ်ကျေးမှုချင်း ပေါင်းစည်းနိုင်ခြင်းမရှိသည့် တရားဝင် ရွှေ့ပြောင်းနေထိုင်သူများကိုပါ မောင်းထုတ်လိုကြောင်း ရဲရဲတင်းတင်း ပြောဆိုခဲ့ပြီး၊ ဆန့်ကျင်ရေးချီတက်ပွဲအတွင်း ပါဝင်သူအချို့က အာဏာရှင် မူဆိုလီနီကို ရည် ညွှန်းသည့် ဖက်ဆစ်နှုတ်ဆက်ခြင်းပုံစံများ ပြုလုပ်ခဲ့ကြသည်။

     အဆိုပါ “နေရပ်ပြန်ပို့ရေး” အဆိုပြုချက်သည် ဝန်ကြီး ချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni)၏ လက်ယာဝါဒီ မဟာ မိတ်အစိုးရအဖွဲ့အတွင်း၌ပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ မဟာမိတ်အဖွဲ့ဝင် League ပါတီက ယင်းကို ပါလီမန်၌ ဆွေးနွေးရန် ထောက်ခံနေသော် လည်း၊ မီလိုနီ၏ Brothers of Italy ပါတီမှာမူ အစွန်း ရောက်အယူအဆများနှင့် ပတ်သက်မိမည်ကို စိုးရိမ်သဖြင့် သတိကြီးစွာ ထိန်းကျောင်းနေရသည်။

     ဝေဖန်သူများနှင့် အတိုက်အခံ နိုင်ငံရေးသမား အိန်ဂျလို ဘိုနယ်လီ (Angelo Bonelli) တို့ကမူ ယခုဥပဒေကြမ်းသည် တိုင်း ရင်းသားနောက်ခံပေါ်မူတည်၍ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး အီတလီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေစိုးမိုးရေးမူများနှင့် လုံးဝကိုက်ညီမှုမရှိကြောင်း ထောက်ပြကြသည်။

     အထူးသဖြင့် မီလိုနီအစိုးရကိုယ်တိုင်က ပြည်တွင်းလုပ် သားပြတ်လပ်မှုကို ဖြေရှင်းရန် အီးယူပြင်ပမှ လုပ်သားသိန်းချီ ခေါ်ယူမည့် စီမံကိန်းကို အတည်ပြုထားချိန်တွင် ယခု ကဲ့သို့ လက်ယာစွန်းဝါဒီများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN