
(ပြည်တွင်း)ဇွန် ၁၄
ကမ္ဘာတစ်ဝန်းလုံးတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို လျော့ပါးစေလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်နှိမ်နင်းခြင်းအား နိုင်ငံ တော်က အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် ဦးစားပေးလုပ် ဆောင်လျက်ရှိရာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အဆိုပါလုပ်ငန်းများနှင့် ပါ ဝင်ပတ်သက်နေသူ သံသယရှိသူ တရုတ်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ဦးကို လုပ်ငန်းသုံးစက်ပစ္စည်း အမြောက်အမြားနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်သူများနှင့် လောင်းကစားသမားများ ခိုအောင်းအခြေစိုက်နိုင်ခြင်း မရှိစေရန်အတွက် ဒေသတွင်း၌ လုံခြုံရေးလုပ်ငန်းစဉ်များနှင့် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်ခဲ့ကြသည်။
ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေ အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်း ကစားမှုများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃၇ ဦး၊ စုစုပေါင်း ၈၈ ဦးကို ကနဦး ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ်တွင် ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်းအမျိုးမျိုး ၁၈၀ လုံး၊ All-in-one ကွန်ပျူတာ ၄၄ လုံး၊ အသေးစားအရန်ဓာတ်အားပေးစက် (Power Station) ၂ လုံး၊ Crown မော် တော်ယာဉ် တစ်စီးနှင့် Alphard မော်တော် ယာဉ် တစ်စီးတို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့များသည် ယင်းဒေသအတွင်း ဆက် လက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကောင်းမှုတုံရပ်ကွက်ရှိ အခြားနေ အိမ်တစ်အိမ်မှ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုး သား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦးကို လက် ကိုင်ဖုန်းအမျိုးမျိုး ၁၀၃ လုံး၊ Laptop ၆ လုံး၊ All-in-one ကွန်ပျူတာ ၂ လုံး၊ ဝိုင်ဖိုင်စက် ၄ လုံးနှင့် CPU ၂ လုံးတို့နှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ယနေ့တစ်ရက်တည်းတွင် စုစုပေါင်း ၉၄ ဦးအထိ ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ် သည်။



လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး၊ တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ဖမ်းဆီးရမိသည့် နိုင်ငံခြား သားများကိုမူ လူသားချင်းစာနာထောက်ထားမှု အရင်းခံ ၍လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ညှာ၍လည်း ကောင်း ၎င်းတို့၏ သက် ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ် နည်းနှင့်အညီ ပြန်လည်လွှဲ ပြောင်း (ပြန်ပို့) ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ် လည်မှုဂိုဏ်းများ ပြန်လည်အခြေစိုက်လာခြင်း မရှိစေရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ညှိနှိုင်းပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN