(လူမှုရေး) ဇွန် ၁၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (အ.မ.က–၂) ကျောင်းဝင်းအတွင်း ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအစတွင် ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌ ရဲမှူး မင်းတင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌ ရဲမှူး မင်းတင်နှင့် စီမံအဖွဲ့ဝင် ဦးအောင်ချိုဦးတို့က ပျိုးပင်များကို ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျောင်းအုပ်ဆရာမကြီးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှားနှင့် ပျဥ်းကတိုး စသည့် ပျိုးပင်စုစုပေါင်း ၅၄၀ ပင်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၂၃၀ ခန့်ဖြင့် စုပေါင်းပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောတိုးပွားရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
#PAN