(အားကစား) ဇွန် ၁၂
မက္ကဆီကိုနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု A ၊ ဒုတိယပွဲစဉ်ဆက်လက်ယှဥ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယား အသင်းက ချက်အသင်းကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပွဲချိန် ပထမပိုင်းအစတွင် တောင်ကိုရီးယားအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးကန်သွင်းမှုအသာဖြင့် ကစားနိုင်သော်လည်း တိုက်စစ်ပိုင်းအခွင့်အရေးများ ဆက်တိုက်လွဲခဲ့ပြီး ဂိုးမသွင်းနိုင်ပဲ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းစပြီး ပွဲချိန် ၅၉ မိနစ်တွင် ချက်အသင်းအတွက် ခရက်ဆီက ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ဂိုးပေါက်လွဲလျှော်နေသည့် တောင်ကိုရီးယားအသင်းသည် တိုက်စစ်ဖြှင့်ရန်အတွက် ဟွမ်ဟီးချန်းကို လူစားလဲထည့်သွင်းခဲ့ရာ အင်ဘွန်ဟွမ်းက ကိုးရီးယားအသင်းအတွက် ချေပဂိုး သွင်းပေးခဲ့သည်။
ဆက်လက်ပြီး ပွဲချိန် ၇၈ မိနစ်တွင် ချက်အသင်းအတွက် ဆူဆက်က ဦးဆောင်ဂိုးထပ်သွင်းခဲ့သော်လည်း ကွင်းလည်ဒိုင်က ပယ်ဖျက်ခဲ့ပသည်။
ပွဲချိန် ၇၉မိနစ်အချိန်တွင် တောင်ကိုရီးယားအတွက် ဦးဆောင်ဂိုးအား ဟွမ်ဂယူအိုက သွင်းယူပေးခဲ့သည်။
ထို့နောက် တောင်ကိုရီးယားအသင်းသည် အနိုင်ရလဒ်အား ဆက်လက်ထိန်းကစားခဲ့ပြီး ပွဲအပြီးတွင် ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အုပ်စု A ပထမပွဲစဥ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းအား ၂ဂိုးပျက် အနိုင်ရရှိသွားကြောင်း သိရသည်။

#PAN