
(ပြည်တွင်း)ဇွန် ၁၂
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်မည့် ‘Benkei Fight’ ပရော်ဖက်ရှင်နယ်လက်ဝှေ့ (Internat-ional Boxing) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများနှင့် တာဝန်ရှိသူများပါဝင်သော လက်ဝှေ့ကိုယ်စားလှယ်အဖွဲ့သည် ယမန် နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ် ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး အနောက်တိုင်းပရော်ဖက်ရှင်နယ်လက်ဝှေ့ကဏ္ဍ အဆင့်အတန်းမြင့်မားလာစေရန်နှင့် ပြည် တွင်းမှ ကစားသမားများ ကမ္ဘာ့စင်မြင့်ထက်တွင် တရားဝင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံပရော်ဖက်ရှင်နယ်လက်ဝှေ့ကော်မရှင် (Myanmar Boxing Commission – MBC) ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
MBC အနေဖြင့် ပြည်တွင်းရှိ ပရော်ဖက်ရှင်နယ်ပွဲစဉ်များကို နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ စနစ်တကျကြီးကြပ်ခြင်း၊ ကစားသမားများနှင့် ဒိုင်လူကြီးများအတွက် တရား ဝင်လိုင်စင်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ကမ္ဘာ့ထိပ်တန်းအဆင့်သတ်မှတ်သည့် အဖွဲ့အစည်းကြီးများဖြစ်သော WBC (World Boxing Council)၊ WBA (World Boxing Association) နှင့် အာရှလက်ဝှေ့အဖွဲ့ချုပ်များအပြင် နိုင်ငံ တကာကွန်ရက်များနှင့်ပါ တရားဝင်ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ MBC ၏ နိုင်ငံတကာတရားဝင်ချိတ်ဆက်မှုများကြောင့် မြန်မာ့လက်ဝှေ့သမားများသည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ‘Benkei Fight’ ပြိုင်ပွဲတွင် သွားရောက်ယှဉ် ပြိုင်ခွင့် စာ ချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် မြန်မာကစားသမားများ အနိုင်ရလဒ်ဖော်ဆောင်နိုင်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက် (World Rankings) ဇယားအတွင်းသို့ တရား ဝင် ဝင်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။
ယင်းကြောင့် ယခုခရီးစဉ်သည် မြန်မာ့လက်ဝှေ့သမားများ နိုင်ငံတကာစင်မြင့်ထက်တွင် မြန်မာနိုင်ငံအလံကို လွှင့် ထူကာ ကမ္ဘာ့ချန်ပီယံလမ်းကြောင်းဆီသို့ တက်လှမ်းနိုင်ရန်အတွက် အလွန်အရေးပါသော အချိုးအကွေ့တစ်ခုနှင့် ပေါင်းကူးတံတားတစ်စင်း ဖြစ်လာကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN