(မှုခင်း) ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၂-၁၃၃ လမ်းကြားရှိ နေအိမ်တစ်လုံးအား ဇွန် ၁၀ ရက် နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် PDF အမည်ခံ (၂) ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ ကြောင်သိရသည်။

ဖမ်းဆီးရမိသူများမှာ စစ်ကိုင်းမြို့နယ်၊ ဘောက်သောက်ကျေးရွာနေ လွင်မိုး (၂၆နှစ်) နှင့် မိုးသောက်ကျေးရွာနေ ဘိုခန့် (ခ) ခန့်ကျော် (၂၄နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်ရှိ KTS Mobile ဆိုင်နှင့် “ဇမ္ဗူကျော်” အိမ်ဆောက်ပစ္စည်းဆိုင်တွင် အသီးသီးဖမ်းဆီးရမိခဲ့ ကြောင်းသိသည်။
လွင်မိုး၏ ထွက်ဆိုချက်အရ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်တွင် PDF အမည်ခံ ရီဝေအောင် (ခ) ဒက်ကြီးထံမှ MG-1 လက်ပစ်ဗုံးတစ်လုံး လက်ခံရယူခဲ့ပြီး ဘိုခန့်နှင့်အတူ ပူးပေါင်းကာ အဆိုပါအိမ်အား ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် တရားခံနှစ်ဦးအား အရေးယူဆောင်ရွက်လျက်ရှိပြီး ဗုံးပေးအပ်သူ ရီဝေအောင် (ခ) ဒက်ကြီးအား ဆက်လက်ရှာဖွေလျက်ရှိ ကြောင်းသိရသည်။
#PAN