မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်း ကလေး-တမူး လမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်ရန် တပ်မတော်က နယ်မြေစိုးမိုးရေးလုပ်ငန်းများ စတင်

(ပြည်တွင်း)ဇွန် ၁၁

     မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့ကို ချိတ် ဆက်ပေးထားပြီး နယ်စပ်ကုန်သွယ်ရေးနှင့် လူမှုစီးပွားဘဝအတွက် အလွန်အရေးပါသည့် ကလေး-တမူး လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက လုံခြုံရေးတိုးမြှင့်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

     အဆိုပါ ကလေး-တမူး လမ်းကြောင်းသည် ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားထားရသည့် လမ်းကြောင်းဖြစ်သော်လည်း ၂၀၂၄ ခုနှစ်မှစတင်ကာ ပူးပေါင်း PDF အဖွဲ့များက လမ်းပိုင်းကို ယာယီထိန်းချုပ်ပိတ်ဆို့ခဲ့သည်။

     ၎င်းနောက် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ကုန်ပစ္စည်းများ လုယက်ခြင်းစသည့် အကြမ်း ဖက်မှုများကြောင့် လမ်းကြောင်းပြတ်တောက်ကာ ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လူမှုစီးပွားဘဝ ဆိုးရွားမှုများကို ရင်ဆိုင်ခဲ့ရသည်။

     လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများသည် ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစတင်ကာ ကလေးမြို့နှင့် တမူးမြို့ နှစ်ဖက်စလုံးမှ ညှိနှိုင်း၍ နယ်မြေ ရှင်း လင်းရေးလုပ်ငန်းများကို စတင်ခဲ့သည်။ လက်ရှိတွင် တမူးဘက်မှ ချီတက်လာသည့် စစ်ကြောင်းများသည် ရန်လင်းဖိုင်ကျေးရွာအနီးသို့လည်းကောင်း၊ ကလေးဘက်မှ ချီတက်လာသည့် စစ် ကြောင်းသည် ၅၆ မိုင်ကျေးရွာအနီးသို့လည်းကောင်း ရောက်ရှိနေပြီဖြစ်ရာ လမ်းပိုင်းတစ်ခုလုံးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု မျှော်လင့်ရသည်။

     နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ်အတွင်း အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးသွားခဲ့သည့် နံမူးတာတံတားနှင့် ၅၅ မိုင်တံတား အပါအဝင် ပျက်စီးနေသော လမ်းတံတားများကို တွေ့ရှိခဲ့ရသည့်အပြင်၊ လမ်းကြောင်းဘေးရှိ ကျေးရွာများအတွင်းမှ နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများကို ကတုတ် ကျင်းများ၊ သဲအိတ်ဘန် ကာများဖြင့် စစ်ရေးအခြေစိုက်စခန်းများအဖြစ် အသုံးပြုထား သည်ကို တွေ့ရှိခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကုန်သွယ်ရေးစင်္ကြံတစ်လျှောက် ဘေးကင်းလုံခြုံစေရန် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပျက်စီးသွားသော လမ်းတံတားများကိုလည်း ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN