တပ်ရင်းမှ ထွက်ပြေးသွားသည့် PDF၁၉ဦးအား တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက်များအဖြစ် ထုတ်ပြန်

(ပြည်တွင်း) ဇွန် ၁၁

မကွေးခရိုင်အမှတ်(၁)တပ်ရင်းက PDF ၁၉ဦးအား တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်များအဖြစ် ဇွန်လ၁၀ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ၎င်းPDF၁၉ဦးသည် စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ရဲဘော်များ၏ စိတ်ဓါတ်ဝေဝါးအောင် သွေဆောင်ဖြားယောင်းခြင်းနှင့်အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များအား စွန့်ခွာထွက်ပြေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါPDF၁၉ဦးအား တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက်များအဖြစ် သတ်မှတ်ပြီး အမည်ဖျက်စာရင်း သွင်းထားကြောင်း သိရသည်။ဒါ့အပြင် ၎င်းတို့နှင့်ပတ်သက်ပြီး မည်သည့်လုပ်ငန်းကိစ္စရပ်များမဆို တပ်ရင်းက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း၊၎င်းတို့၏ ပြစ်မှုပြစ်ဒဏ်များအတွက်လည်း ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မေလ ၁၉ရက်နေ့တွင်လည်း မကွေးခရိုင် အမှတ်၃ PDFတပ်ရင်းမှ PDF ၁၆ဦးသည် တပ်ရင်းမှ ထွက်ပြေးခဲ့ရာ ၎င်းတို့ကိုလည်း တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက်များအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

#PAN