
(ပြည်တွင်း)ဇွန် ၁၀
ယခုနှစ်အတွင်း အယ်လ်နီညို (El Niño) ဖြစ်ပွားရန် ရာခိုင် နှုန်း မြင့်မားနေသဖြင့် ၂၀၂၆ ခုနှစ် လယ်ပိုင်းမှ ၂၀၂၇ ခုနှစ် လယ်ပိုင်းအထိ ကြုံတွေ့ရနိုင်သည့် အလွန်အမင်း ပူပြင်းခြောက် သွေ့သော ရာသီဥတုဆိုးဝါးမှုများကို တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က နေပြည် တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးမှုကို ဖြေရှင်းရန်နှင့် ရေအရင်းအမြစ်များကို စနစ် တကျ စီမံခန့်ခွဲနိုင်ရန် “အမျိုးသားရေဥပဒေ” တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတစ်ဝန်းရှိ ဧရာဝတီ၊ ချင်း တွင်း၊ သံလွင်၊ စစ်တောင်း စသည့် အဓိကမြစ်ကြီး ၄ စင်းအပြင် အခြားသော မြစ်ချောင်းများ၊ သဘာဝအိုင်ကြီးများနှင့် ရေဝပ်ဒေသများမှတစ်ဆင့် နှစ်စဉ် ရေချိုဧကပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါ ရေချိုအရင်းအမြစ်များကို ထိန်း သိမ်းပြီး ထိရောက်စွာ အသုံးချနိုင်ရန်အတွက် ထို့ကြောင့် ရေချိုအရင်း အမြစ်များကို ထိန်းသိမ်းပြီး ထိရောက်စွာ အသုံးချနိုင်ရန်အတွက် ရေကာတာအသေးများ တည် ဆောက်ခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများသို့ သောက်သုံးရေ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေခြင်းနှင့် ရေအခြေခံထုတ်ကုန်များကို စီးပွားဖြစ် ထုတ်လုပ်ခြင်းဆိုင်ရာ အခွင့် အလမ်းများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရေအားလျှပ်စစ်ကဏ္ဍတွင် မြန်မာ့မြစ်ချောင်းများမှ ရေ အားလျှပ်စစ် မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်း ရှိသော် လည်း လက်ရှိတွင် ၃.၅ ရာခိုင်နှုန်းဖြစ်သည့် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်ရန် လိုအပ်လျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတစ်ဝန်း မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိသော်လည်း နွေစပါးကိုမူ ၂.၇၁ သန်းခန့်သာ စိုက်ပျိုးနိုင်သေးကြောင်း ထောက်ပြခဲ့ပြီး၊ စိုက်ပျိုးဧက အသစ်တိုးချဲ့ခြင်းထက် ရှိပြီးသားဧကများတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် ရေပေးဝေစနစ် ကောင်းမွန်ဖို့ အရေးကြီးကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် နွေရာသီတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှုဒဏ်ကို အမြဲမပြတ်ခံရလေ့ရှိသည့် စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့ရှိ ကျေးရွာများအတွက် နှစ်အလိုက် ရေရရှိရေးစီမံချက်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။
အစည်းအဝေးတွင် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည် နယ် ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များက မြစ်ရေတင်လုပ်ငန်းများနှင့် ရေအရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆွေးနွေးမှုအပေါ် နိုင်ငံတော်သမ္မတက ကျောင်းနေအရွယ်ကလေးငယ်များကို ရေ၏တန်ဖိုးနှင့် စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကြောင့် ဖြစ်ရသည့် ရေထုညစ်ညမ်းမှုအကြောင်း ပညာပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ကမ္ဘာ့အဆင့်နှင့် ဒေသတွင်း အဖိုးတန်အမွေအနှစ်နေရာများဖြစ်သည့် အင်းတော်ကြီးအိုင်နှင့်အင်းလေးကန် တို့ကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့် ရှောက်ခြင်းကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် သတ် မှတ်ကာ အစိုးရနှင့် ပြည်သူလက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN