
(မှုခင်း) ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် လျှပ်စစ် ထရန်စဖော်မာမှ မိုးကြိုးလွှဲ ကြေးကြိုးအား ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၉ ရက်၊ ညနေပိုင်းက အောင်ပန်းမြို့ အမှတ် (၃) ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဥိးသည် ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်းမှ မီးတာပုံးများ ထားသော ထရန်စဖော်မာ ပေါ်ရှိ မိုးကြိုးလွှဲ ကြေးကြိုးအား ပလာယာဖြင့် ဖြတ်တောက်စဉ် ဓာတ်လိုက်ခဲ့ရာ ခန္ဓာကိုယ် မီးလောင်ကျွမ်း၊ ညိုမည်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။