ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့ကို တိုက်ခိုက်

(နိုင်ငံတကာ) ဇွန် ၁၀

     အမေရိကန်ပြည်ထောင်စုက ဟော်မုဇ်ရေလက်ကြားရှိ ဆိပ် ကမ်းများနှင့် ကျွန်းများကို တိုက်ခိုက်ခဲ့ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေ စိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော် လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)က ပြောကြားခဲ့သည်။

     ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည့် ကြေညာ ချက်တစ်ခု၌ IRGC က ၎င်းတို့သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ပဉ္စမရေတပ်စု (US Fifth Fleet) ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး၊ ဂျော်ဒန်နိုင်ငံ အက်ဇ်ရက်ခ် (Azraq) ရှိ အခြေစိုက်စခန်းတစ်ခုကိုလည်း ရေရှည်ပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

     အမေရိကန်တပ်ဖွဲ့များကို လက်ခံအိမ်ရှင်အဖြစ် ထားရှိပေးထားသည့် ကူဝိတ်နိုင်ငံကလည်း ၎င်းတို့၏ လေကြောင်းကာ ကွယ်ရေးစနစ်များသည် “ရန်လိုသော ဝေဟင်ပစ်မှတ်များကို ကြားဖြတ်ဖျက်ဆီးနေရကြောင်း” ဆိုကာ ၎င်းတို့နိုင်ငံလည်း တိုက်ခိုက်ခံနေရသည်ဟု ပြောကြားခဲ့သည်။

     ယခုနောက်ဆုံး ပဋိပက္ခအရှိန် မြင့်တက်လာခြင်းသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားအထက်တွင် အမေရိကန် အပက်ချီ (Apache) ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေစဉ်အတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN