ယူကေ ဘဲလ်ဖတ်စ်မြို့တွင် ဓားထိုးမှုတစ်ခုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူဆန့်ကျင်ရေး ဆန္ဒပြသူများက မော်တော်ယာဉ်များနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီး

(နိုင်ငံတကာ) ဇွန် ၁၀

     ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်) ရှိ မြောက်အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ် (Belfast)မြို့တွင် လူတစ်ဦးအား ပြင်းထန်စွာ ဒဏ် ရာရရှိစေခဲ့သည့် ဓားထိုးမှုတစ်ခုနှင့် ပတ်သက်၍ ဆူဒန်နိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက်၊ ရွှေ့ပြောင်းနေ ထိုင်သူ ဆန့်ကျင်ရေး ဆန္ဒပြသူများက မြို့အနှံ့တွင် မော်တော် ယာဉ်များနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးသည့် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့သည်။

     တနင်္လာနေ့နှောင်းပိုင်းက ဘဲလ်ဖတ်စ်မြောက်ပိုင်းတွင် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသည် မီးဖိုချောင်သုံးဓားဖြင့် တိုက်ခိုက်ခံရသဖြင့် မျက်လုံး၊ မျက်နှာနှင့် ကျောတို့တွင် ပြင်းထန်သော ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။ ရဲတပ်ဖွဲ့မရောက်ရှိမီ အရပ်သားအချို့က တိုက်ခိုက်သူကို ဝိုင်းဝန်းခုခံတွန်းလှန်ခဲ့ကြသဖြင့် ဒဏ်ရာရရှိသူ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ အဆိုပါ ဓားထိုးမှုမှ သံသယရှိသူ အသက် ၃၀ အရွယ် ဆူဒန်အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ လူသတ်ရန် ကြိုးပမ်းမှု၊ လူစည်ကားရာနေရာ၌ ဓားကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

     ယင်းဖြစ်စဉ်အပြီး အင်္ဂါနေ့တွင် မျက်နှာဖုံးစွပ်ထားသည့် ရာနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူဆန့်ကျင်ရေး ဆန္ဒပြသူများသည် မြို့အနှံ့ နေရာအတော်များများတွင် စုဝေးကာ ဘတ်စ်ကားတစ်စင်း၊ မော်တော်ကား အများအပြားနှင့် အဆောက်အအုံအချို့ကို ဓာတ်ဆီဗုံးများ၊ အမှိုက်ပုံးများ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ကြပြီး တင်းမာမှုများ မြင့်တက်ခဲ့သည်။

     မြောက်အိုင်ယာလန် ပထမဝန်ကြီး မီရှဲလ် အိုနေးလ် (Michelle O’Neill)က ယင်းလုပ်ရပ်ကို “စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် သူရဲဘောကြောင်မှု” ဟု ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ယူကေဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကလည်း လမ်းမများပေါ်တွင် ယခုကဲ့သို့ ရွံရှာဖွယ်ကောင်းသော အကြမ်း ဖက်မှုမျိုးကို လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနိုင်ရန် တည်ငြိမ်ကြဖို့ တောင်းဆိုခဲ့သည်။

     မြောက်အိုင်ယာလန် ရဲချုပ် ဂျွန် ဘောက်ချာ (Jon Boutcher) ၏ ပြောကြားချက်အရ သံသယရှိသူ ဆူဒန်နိုင်ငံ သားသည် ၂၀၂၃ ခုနှစ်ကတည်းက ရရှိထားသည့် ၅ နှစ်သက်တမ်းရှိ ဗီဇာဖြင့် ယူကေတွင် နေထိုင်နေသူဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုမှတ်တမ်း မရှိခဲ့ဖူးကြောင်း သိရသည်။

     သို့သော်လည်း ယခုဖြစ်စဉ်ကြောင့် ဗြိတိန်နိုင်ငံရေးလော ကတွင် “ထိန်းချုပ်မှုမရှိသော ရွှေ့ပြောင်းနေထိုင်မှုများ” ကို အာ ဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများနှင့် မေးခွန်းထုတ်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာနေသည်။

Telegram»…
https://t.me/positiveanglenews

#PAN