မင်္ဂလာဒုံမြို့နယ်တွင် ဂိုဒေါင်(၁)လုံး မီးလောင်မှုဖြစ်ပွား

(မှုခင်း)ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်အတွင်း ယနေ့ ၉ နာရီ၂၂ မိနစ်အချိန်ခန့်တွင် ဂိုဒေါင်(၁)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်အုပ်စုများ၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် ရန်ကုန်နာရေးကူညီမှုသင်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုအခြေအနေကြောင့် နံနက် ၉ နာရီ ၃၃ မိနစ်တွင် Level 1 ယာဉ်အုပ်စု ထပ်မံထွက်ခွာ၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၁၀ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။