ညောင်ရွှေမြို့နယ်တွင် အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချ သေဆုံး

(မှုခင်း) ဇွန် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ သာလေးကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာ
တွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မိန်းကလေးမှာ အသက် ၁၇ နှစ်အရွယ်ရှိ မသန္တာဗိုလ် ဖြစ်ပြီး ၎င်းသည် ဇွန်လ ၆ ရက်နေ့တွင် ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့ကြောင်း သေဆုံးရသည့် အကြောင်းရင်းအတိအကျနှင့် ဖြစ်စဉ်အသေးစိတ်ကို လက်ရှိအချိန်အထိ သိရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးခဲ့သည့် မိန်းကလေးငယ် မသန္တာဗိုလ်၏ ရုပ်အလောင်းကို ယမန်နေ့ ဇွန်လ ၇ ရက်
နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။