ပျဉ်းမနား-တောင်ညိုကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

(မှုခင်း) ဇွန် ၈

ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနား-တောင်ညိုသွားကားလမ်းမပေါ်ရှိ ဘောစီစားသောက်ဆိုင်နှင့် တော်ဝင်နန်း KTV ကြားတွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁၂နာရီ၄၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Alphardကားမောင်းနှင်သူသည် နောက်မှလာရောက်နေသော ယာဉ်များအား သေချာစွာမကြည့်ဘဲ လမ်းဖြတ်ကွေ့ခဲ့ရာမှ အနောက်ဘက်မှ မောင်းနှင်လာသော ကားပေါက်စယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး ယာဉ်နှစ်စီးတွင်သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

#PAN