ခိုးရာပါနာရီနဲ့ TikTok ဆော့ရာက. ရည်းစားဖြစ်သူ ဖမ်းဆီးခံရပြီး နေအိမ်ဖောက်ထွင်းမှု ပေါ်ပေါက်

(မှုခင်း)၊ ဇွန် ၆ခိုးရာပါနာရီကို

ဝတ်ဆင်ကာ TikTok ဆော့လာခဲ့တဲ့ တစ်ဦးကြောင့် အိမ်ဖောက်ထွင်းမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး ရဲစားဖြစ်သူအပါအဝင် လူငယ် ၂ ဦးကို ဖောက်ထွင်းမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

MK အမျိုးအစား နာရီအား ဝတ်ဆင်ကာ TikTok ဆော့ရာမှ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးဘေးက နေအိမ်ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ပြီး တရားခံများကို ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံလိုက်ရပါတယ်။

နေအိမ်ဖောက်ထွင်းခံရမှုအတွင်း ရွှေ၊ငွေ လက်ဝတ်ရတနာတွေအပါအဝင် နာရီ ၄ လုံး၊ ဆိုင်ကယ် ဦးထုပ် ၁ လုံး၊ Samsung S21 Ultra အမျိုးအစား ဖုန်း ၁ လုံး၊ iPhone 8 Plus ဖုန်းတစ်လုံးတို့ ပျောက်ဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

နေအိမ်ဖောက်ထွင်းခံရပြီးနောက် တောင်ကြီးနယ်မြေ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားခဲ့ပြီး ရက်သတ္တနှစ်ပတိခန့်အကြာ မေလ ၂၇ ရက်နေ့မှာ ဖောက်ထွင်းမှုနဲ့ပန်သက်တဲ့ TikTok ပေါ်က သဲလွန်စတစ်ခုကို ပစ္စည်းပိုင်ရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Mi Poe လို့အမည်ပေးထားတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ TikTok အကောင့်တစ်ကောင့်က MK အမျိုးအစား နာရီကို ဝတ်ဆင်ပြီး TikTok ဆော့ထားတာကို နေအိမ်ဖောက်ထွင်းခံရတဲ့ ပိုင်ရှင်တွေက မေလ ၂၇ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနာရီမှာ အိမ်ဖောက်ထွင်းခံရစဥ်မှာ ပါသွားတဲ့ နာရီနဲ့ တူနေတာကြောင့် စုံစမ်းခဲ့ရာ သူမရဲ့ ရည်စားဖြစ်သူထံက ခဏပေးဝတ်ထားလို့ ထိုနာရီကို ဝတ်ဆင်ကာ TikTok ဆော့ထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထိုနာရီမှာ သူမရဲ့ ရည်းစားဆီမှာ ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ညနေပိုင်းမှာပဲ Mi Poe အကောင့်ပိုင်ရှင်ရဲ့ ရည်းစားဖြစ်သူ အေးသာယာမှာနေထိုင်တဲ့ ရဲနောင်ရဲ့ နေအိမ်ကို တောင်ကြီးနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်ါရဲနောင်ကို နေအိမ်မှာ အသင့်တွေ့ရသလို ဖောက်ထွင်းခံရတဲ့ ဆင်းကဒ်မပါ iPhone 8 plus အမျိုးအစား ခဲရောင်ဖုန်း ၁ လုံး၊ MK အမျိုးအစား နာရီ ၁ လုံးတို့ကိုပါ သက်သေပစ္စည်းအနေနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။

ရဲနောင်ဟာ မိတ္ထီလာမြို့နေ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်း၊ ဇော်ပိုင်တို့နဲ့အတူ အဆိုပါနေအိမ်ကို ဝင်ရောက်ဖောက်ထွင်းခဲ့တာဖြစ်ပြီး အဆိုပါပစ္စည်းတွေကို ခိုးယူခဲ့ကြောင်း၊ ရရှိလာတဲ့ ပစ္စည်းတွေကို ၄ ဦး ခွဲဝေခဲ့ပြီးနော် MK အမျိုးအစား နာရီ ၁ လုံးနဲ့ iPhone 8 Plus ဖုန်းတစ်လုံးကို ရဲနောင်က ခွဲတမ်းအဖြစ် ရရှိခဲ့ကြောင်း၊ အဲဒီနောက် မိမိရဲ့ ချစ်ငူမိနိးကလေးကို ခဏပေးထားခဲ့ပြီး ပြန်ယူခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်ါဒါကြောင့် ရဲနောင်နဲ့အတူ နေအိမ်ဖောက်ထွင်း ခိုးယူမှုကို ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ မေလ ၃၀ ရက်နေ့ ညနေပိုင်းက အေးသာယာမြို့၊ ကားကြီးကွင်းအနီးမှာ ဇော်ပိုင် ဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရဲနောင်နဲ့ ဇော်ပိုင်ကို ဖမ်းဆီထိန်းသိမ်းထားရှိပြီး ဖမ်းဆီးဖို့ကျန်ရှိနေသေးတဲ့ နန်းအောင်ဝင်းနဲ့ ကျော်ခိုင်ထွန်းတို့ ၂ ဦးကိုလည်း ဖမ်းဆီးရမိရေးနဲ့ နောက်ဆက်တွဲ အမှုတွေကိုလည်း ဖော်ထုတ်စစ်ဆေးလျက် ရှိနေတယ်လို့ သိရတာ ဖြစ်ပါတယ်။